နေပြည်တော် မတ် ၇
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ကျေးရွာကို မတ်လ ၆ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာနေပြည်သူအားလုံးကို ရွာထဲတွင် ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများကို ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများသည် နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုမရှိစေရန်အတွက် ပြည်သူများအား ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန် ဖြစ်စဉ်ဖြစ်ရပ်များကို အခြေခံ၍ ၎င်းတို့၏ တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို လူမှုကွန် ရက်စာမျက်နှာများပေါ်တွင် ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလျက်ရှိရာ ယခုဖြစ်စဉ်သည်လည်း PDF အမည်ခံအကြမ်းဖက်သမားများမှ ကျေးရွာများအတွင်း ဝင်ရောက်လှုပ်ရှားမှုမရှိစေရန်နှင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်းမရှိစေရန်အတွက် ငါန်းဇွန်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည်ကို ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ကြံရေးသားထားခြင်းသာဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာမှ ဒေသခံပြည်သူများကို ဖမ်းဆီးထားခြင်းမရှိကြောင်း သတင်းရရှိပါသည်။