ပုသိမ် မတ် ၆
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တာဝန် ရှိသူများနှင့်အတူ မတ် ၄ ရက်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ် လေယာဉ်ကွင်း အဆင့်မြှင့်တင် ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပုသိမ်ကမ်းနားလမ်းတိုးချဲ့ခြင်း Bored pile အခြေပြုကွန်ကရစ် ဆိပ်ခံတံတား အလျား ပေ ၂၀၀ တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက လေယာဉ်ပြေးလမ်းနှင့် ပတ်သက်သည့် သတ်မှတ်အမှတ်အသားများ ထင်ရှားစွာရေးဆွဲထားရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းမှုရှိစေရေး လျာထား သတ်မှတ်ထားသည့် လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး၊ ပုသိမ်ကမ်း နားလမ်းတိုးချဲ့ခြင်း Bored pile အခြေပြုကွန်ကရစ်ဆိပ်ခံတံတား တည်ဆောက်ရာတွင် ခိုင်ခံ့လှပမှု အတွက်သာမက မသန်စွမ်းသူများ အတွက်ပါ ထည့်သွင်းဆောင်ရွက်ပေးရေး၊ ဆိုလာစနစ်ဖြင့် ညအချိန် မီးလင်းအောင် ဆောင်ရွက်ရေးမှာကြားသည်။
အလေးထားဆက်ဆံ
ထို့နောက် ဒုတိယဝန်ကြီးသည် ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ တိုင်းအဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး မိမိတို့ ဌာန/ အဖွဲ့ အစည်း၏ ရည်မှန်းချက်၊ မျှော်မှန်း ချက်များကို ကြိုးစားအကောင် အထည်ဖော် ဆောင်ရွက်ကြရန်၊ ဘဏ္ဍာငွေသုံးစွဲရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ သုံးစွဲရန်၊ ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရာတွင် အဂတိတရားကင်းရှင်းပြီး ယဉ်ကျေးသိမ်မွေ့စွာ အလေးထားဆက်ဆံရန်၊ ဝန်ထမ်းများ၏ သက်သာချောင်ချိ ရေးကိစ္စရပ်များကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးရန်မှာကြားကာဌာနအလိုက် တင်ပြချက်များအပေါ် ပြန်လည် ရှင်းလင်း၍ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။
သတင်းစဉ်