Skip to main content

Sep 08, 2023

ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2023

ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသူများကို စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ရယူထားသူ ဦးဖြိုးသီဟ (ပီတိအိမ်စာပေ) ၏ Facebook Page တွင် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးတို့ကိုသော်လည်းကောင်း၊ နိုင်ငံသားတိုင်းတန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ အခွင့်အရေးတို့ကိုသော်လည်းကောင်း ထိခိုက်စေသည့် အကြောင်းအရာများကို ရေးသားထုတ်လွှင့်ဖော်ပြခဲ့သည့်အတွက် ၎င်းအားထုတ်ပေးထားသည့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှစ၍ ရုပ်သိမ်းလိုက်ကြောင်းနှင့် ၎င်းစာပေအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်ဝေဆောင်ရွက်ခြင်းမပြုရန် အသိပေးကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၇-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၈-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၃၇၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၀၉) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2023

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာနက ကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2023

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့်စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသား မှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2023

အစဉ်အမြဲတိုးတက်နေသည့် နည်းပညာများကို အမီလိုက်နိုင်ရန်၊ မိမိတတ်သိထားသော ပညာရပ်များဖြင့် ဖန်တီးနိုင်သည့် ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု ပရောဂျက်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် အရည်အသွေးပြည့်ဝသော IT ပညာရှင်များအဖြစ် မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ဆမအကြိမ် ပရောဂျက်ပြပွဲအခမ်းအနားကို စက်တင်ဘာ ၅ ရက်က

ဆက်လက်ဖတ်ရှုရန်

Sep 08, 2023

ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ လူငယ်သီတင်းပတ်လှုပ်ရှားမှု မြင်ကွင်း

ဆက်လက်ဖတ်ရှုရန်

Sep 08, 2023

Naypyitaw State Academy ဆေးသိပ္ပံပညာမဟာဌာနတွင် ဆေးပညာအခြေခံနှစ်သင်တန်းကို အဆင်ပြေချောမွေ့စွာ ဖွင့်လှစ်နိုင်ရေးအတွက် သင်ကြားမည့် ဆရာဆရာမများ ခန့်ထားနိုင်ရေး၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ သင်ကြားရေးဆိုင်ရာ ပစ္စည်းများဖြည့်တင်းနိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနနေပြည်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2023

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Dr. Md Monwar Hossain ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2023

၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ (International Day of Clean Air for Blue Skies) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၌ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2023

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်း(ပဲခူး)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2023

နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး၊ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကို အထူးအလေးထားကာ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးအတွက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဦးတည်ချက် (၉)ရပ်ချမှတ်ပြီး နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် စိုက်ပျိုးမွေးမြူရေးအခြေခံသည့် ကုန်ထုတ်စွမ်းအား မြင့်မားရေးနှင့်အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို အထူးအလေးပေးဆောင်ရွက်လျက်ရှိကြောင်း ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဦးလှမိုးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2023

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်ဆွန်ပက်လမ်းရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန(CTD) သင်တန်းကျောင်းသို့ သွားရောက်၍ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် စွမ်းဆောင်ရည်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်လူရွယ်များကို အလုပ်အကိုင်အခွင့်လမ်းများ ရရှိစေရန်ရည်ရွယ်၍ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၂)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “The Establishment of Bakery & Pastry Training Project” အစီအစဉ်ဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံမုန့်ဖုတ်နည်း သင်တန်းအမှတ်စဉ်(၂)သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2023

ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ လူငယ်သီတင်းပတ် (Youth Week) မှတ်တမ်းဓာတ်ပုံများ

ဆက်လက်ဖတ်ရှုရန်

Sep 08, 2023

စက်တင်ဘာ နိုင်ငံတကာရက်သတ္တပတ်တွင် မြန်မာ့လက်ရွေးစင်အသင်းနှင့် နီပေါလက်ရွေးစင်အသင်းတို့ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပထမခြေစမ်းပွဲကို စက်တင်ဘာ ၈ ရက် ညနေ ၅ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2023

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်ဒေသသည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားပြီး ပူပြင်းခြောက်သွေ့သည့် ဒေသဖြစ်သောကြောင့် စိုက်ပျိုးရေ၊ သောက်သုံးရေအတွက် ဆည်/ကန် တမံများကို အဓိကအားထားရလျက်ရှိပြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်များအတွင်းတွင် ဇော်ဂျီရေသောက်စနစ်ဖြင့် စိုက်ပျိုးရေ၊ သောက်သုံးရေပေးဝေလျက်ရှိရာ ယခုနှစ် ဇော်ဂျီရေသောက်စနစ်မှ မိုးသီးနှံ၊ ဆောင်းသီးနှံနှင့် နွေသီးနှံသီးထပ်သုံးသီးအတွက် စိုက်ပျိုးရေ ပြည့်ဝစွာပေးဝေသွားမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2023

တရုတ်နိုင်ငံ ကွမ်းရှီးရုပ်သံ (GXRTV)မှ ရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင်နေပြည်တော်ရှိ မာရဝိဇယမြတ်ဗုဒ္ဓရုပ်ပွားတော်ကြီးသို့ သွားရောက်ဖူးမြော်၍ ရိုက်ကူးရေးဆောင်ရွက်မှုနှင့်အတူ နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့သွားရောက်၍ ရိုက်ကူးရေးဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်