Aug 25, 2024
Myanmar Cyber Security Challenge 2024 (အလွတ်တန်းအဆင့်) ပြိုင်ပွဲနှင့် ဆိုက်ဘာလုံခြုံရေးအသိပညာပေးဗီဒီယိုပြိုင်ပွဲ-၂၀၂၄ (တက္ကသိုလ် အဆင့်)ဆုပေးပွဲကို နံနက် ၉ နာရီက နေပြည်တော်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၂)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြားဖွင့်လှစ်ပေးသည်။
Aug 25, 2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 25, 2024
တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ ပြည်သူများမှ ပေါက်ဖွားလာသည့် အဖွဲ့အစည်းဖြစ်သည်။ သမိုင်းကြောင်းအရ နယ်ချဲ့လက်အောက်မှလွတ်မြောက်ရေးကြိုးပမ်းရင်း စတင်သန္ဓေတည်ခဲ့သည်။ တပ်မတော်သည် မြန်မာနိုင်ငံကို အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံ ပေါ်ပေါက်လာရန် တိုက်ပွဲဝင်ခဲ့သည်။ လွတ်လပ်ပြီး နောက်တွင်လည်း အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေရန်နှင့် ပြည်တွင်းသောင်းကျန်းမှုအန္တရာယ်၊ ပြည်ပကျူးကျော်မှုအန္တရာယ်များကို အသက်၊ သွေး၊ ချွေး ပေးဆပ်ပြီး ကာကွယ်စောင့်ရှောက်ခဲ့သည်။
Aug 25, 2024
ပြည်ပနိုင်ငံများသို့ အလည်အပတ်သွားရောက်ရန်ဟုဆိုကာ Passport for Visit-PV အမျိုးအစား နိုင်ငံကူးလက်မှတ်လျှောက်ထား၍ မိမိနိုင်ငံမှ ထွက်ခွာသွားကြပြီး ပြည်ပနိုင်ငံတွင်မူ အလုပ်အကိုင်ဗီဇာများ လျှောက်ထားရယူအလုပ်လုပ်ကြရာမှ အခက်အခဲ၊ ပြဿနာများပေါ်ပေါက်ပြီး ဒုက္ခရောက်သူများစွာရှိနေသည်။ ၎င်းတို့ ဆိုက်ရောက်ရာ နိုင်ငံများနှင့်ဒေသများ၏ အနေအထားတို့အရ ကူညီဖြေရှင်းဆောင်ရွက်ပေးရန် ခက်ခဲမှုများလည်း ရှိနေသည်ဟု သိရသည်။
Aug 24, 2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာအုပ်စု၊ ရိုးဝကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Aug 24, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPHI NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Aug 24, 2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
Aug 24, 2024
ကရင်ပြည်နယ်ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက နည်းပညာတက္ကသိုလ်(ဘားအံ)ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Aug 24, 2024
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေအရ ဖူလုံစွာဖြန့်ဖြူးနိုင်ရန်အတွက် ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများအား Shipment Plan အစီအစဉ်အတိုင်း အဆက်မပြတ်ဝင်ရောက်နိုင်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၂ ရက်တွင် ရန်ကုန်မြစ်ဝ Pilot ၌ ဆီတင်သင်္ဘောခြောက်စင်းရောက်ရှိ အသင့်စောင့်ဆိုင်းလျက်ရှိပြီး သီလဝါဆိပ်ကမ်းဒေသရှိ Jetty များတွင်လည်း သင်္ဘောလေးစင်းရောက်ရှိ ဆိုက်ကပ်၍ ဒီဇယ်ဆီ တန် ၇၀၀၀၀ ကျော်နှင့် ဓာတ်ဆီတန် ၁၁၀၀၀ ကျော်အား သိုလှောင်ကန်များတွင် ချယူဖြည့်တင်းလျက်ရှိသည့်အပြင် ထပ်မံဝင်ရောက်လာမည့်ဆီတင်သင်္ဘောများလည်း အစီအစဉ်တိုင်း ဝင်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပို့ဆောင် မည့် ဆီတင်ယာဉ် Bowser များ အချိန်မီထွက်ခွာနိုင်ရေး၊ သီလဝါ သိုလှောင်ကန်စခန်းများရှိ ဆီဖြည့်တင်းပေးမှုများ အဆင်ပြေချောမွေ့ စေရေးတို့ကိုလည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
Aug 24, 2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက (ချောင်းဆုံ)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။