ကျုံပျော် ဩဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မိုးစပါးစိုက်ပျိုးသည့် အင်းမကျေးရွာရှိ သုခဖြိုးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသို့ တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် မိုးစပါးစိုက်ဧက ၁၀၀ အတွက် စိုက်ပျိုးစရိတ် ပံ့ပိုးငွေကျပ်သိန်း ၂၀၀ အား ပံ့ပိုးပေးအပ်ခဲ့သည်။
ထို့ပြင် ပီလောပီနံ စိုက်ပျိုးသည့် ကျုံပျော်မြို့နယ် ကညင်ဆိုင်ကျေးရွာရှိ ရွှေကညင်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း၊ အင်းတရော်ကျေးရွာရှိ ပိုမိုပြည့်စုံစိုက်ပျိုးရေးနှင့် အထွေထွေ သမဝါယမအသင်း၊ လှည်းဆိပ်ကျေးရွာရှိ ရွှေဥဒေါင်းစိုက်ပျိုးရေးနှင့် အထွေထွေ သမဝါယမအသင်းများမှ အသင်းသားများသို့ တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ပီလောပီနံ စိုက်ဧက ၃၀၀ အတွက် စိုက်ပျိုးစရိတ်ပံ့ပိုး ငွေကျပ်သိန်း ၆၀၀ အား ပံ့ပိုးပေးအပ်ခဲ့သည်။
သတင်းစဉ်