မြန်မာနိုင်ငံသည် ၄-၃-၁၉၅၅ ခုနှစ်တွင် အဓမ္မခိုင်းစေမှုဆိုင်ရာပြဋ္ဌာန်းချက်အမှတ် ၂၉ ကို လက်ခံကျင့်သုံးလိုက်နာဆောင်ရွက်ခဲ့ပြီး အဓမ္မခိုင်းစေမှုပပျောက်စေရေးဆောင်ရွက်ရာ၌ မြန်မာနိုင်ငံအစိုးရကို ပိုမိုထိရောက်စွာအထောက်အကူပြုနိုင်ရန် ၂၀၀၂ ခုနှစ်တွင် ILO ဆက်သွယ်ရေးအရာရှိတစ်ဦးကို မြန်မာနိုင်ငံတွင် လက်ခံထားရှိရန် မြန်မာနိုင်ငံအစိုးရနှင့် ILO တို့အကြား နားလည်မှုစာချွန်လွှာတစ်ရပ် (Memorandum of Understanding-MoU) ကို လက်မှတ်ရေးထိုးခဲ့သည်။
နောက်ဆက်တွဲနားလည်မှုစာချွန်လွှာ (Supplementary Understanding-SU) ကို ၂၀၀၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား (Complaints Mechanism) ထူထောင်ကာ တိုင်ကြားချက်များကို လက်ခံဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား (National Complaints Mechanism-NCM)ကို ၂၀၂၀ ပြည့်နှစ်တွင် ထူထောင်ပြီး လည်ပတ်ဆောင်ရွက်ခဲ့ရာတွင် အလုပ်သမားဝန်ကြီးဌာန အပါအဝင် သက်ဆိုင်သည့်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်၊ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော အမျိုးသားအဆင့် အဓမ္မ ခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီမှ အဓမ္မခိုင်းစေမှု တိုင်ကြားချက်များ ကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။
ဤကဲ့သို့ အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားချက်များကို အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား (National Complaints Mechanism-NCM) မှ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ မည်သူမဆိုအဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ILO ဆက်သွယ်ရေးအရာရှိ ရုံး(ရန်ကုန်)နှင့် အခြားအဖွဲ့အစည်းများမှတစ်ဆင့် လည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာန ရုံးအမှတ်(၅၁) နေပြည်တော်သို့ လူကိုယ်တိုင် (သို့မဟုတ်) စာဖြင့်လည်းကောင်း၊ ဖုန်းနံပါတ် ၀၆၇-၃၄၃၀၁၈၄၊ ၀၆၇-၃၄၃၀၂၂၉၊ ၀၆၇-၃၄၃၀၂၇၄ နှင့် E-mail လိပ်စာ directorgeneral.dol@gmail.com၊ moloffice 51@gmail.com၊ research. org.dol.mm@gmail.com များသို့ လည်းကောင်း တိုင်ကြားသူနှင့် အဓမ္မခိုင်းစေခံရသူများမှ လုံခြုံ စိတ်ချစွာဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရုံးအဖွဲ့၊ အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားနှင့် အလုပ် သမားဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။