နေပြည်တော် ဇန်နဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်၊ သေဂေလူရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းနင်းမိပြီး ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းဖြစ်စဉ်မှာ မှန်ကန်မှုမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် လူနေမြို့၊ ရွာ၊ ရပ်ကွက်များအတွင်း တိုက်ပွဲများ ဖော်ဆောင်ခြင်းများကြောင့် ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့၏နေရပ်မှ ယာယီနေရပ်စွန့်ခွာနေရကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်အတွက် ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေသည်ကို ပြည်သူအားလုံးအသိပင်ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူများသေဆုံးရသည်ကို ဖုံးကွယ်ပေးရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန်အတွက် အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။