Nov 05, 2020
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဇနီး ဒေါက်တာဂျေကော့ဘူတို့သည် ယနေ့ နံနက် (၁၀)နာရီတွင် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခဲ့ကြသည်။
Nov 05, 2020
၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို ကယားပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် အောင်မြင်စွာ ပြုလုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 05, 2020
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲတိုးတက်ရေး ဆောင်ရွက်ချက် ဓာတ်ပုံ မှတ်တမ်း (၂၀၁၆-၂၀၂၀) စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
Nov 05, 2020
ရန်ကုန် နိုဝင်ဘာ ၄
Nov 05, 2020
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း သည် ယနေ့နံနက်ပိုင်း တွင် “Pave the way to a more integrated, inclusive, sustainable and prosperous GMS” ခေါင်းစဉ်ဖြင့် ကျင်းပသော (၂၄) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများအဆင့်အစည်းအဝေး (24th Greater Mekong Subregion (GMS) Ministerial Conference- MC 24) သို့ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။
Nov 05, 2020
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၄ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်၏ ကိုဗစ် - ၁၉ ရောဂါ ရင်ဆိုင်ကျော်လွှားခဲ့ရပုံများအကြောင်း ဆွေးနွေးခန်းကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Nov 05, 2020
ယခုအခါ ရွေးကောက်ပွဲအကြို လုပ်ငန်းစဉ်ဖြစ်သည့် မဲဆန္ဒနယ်ပြင်ပရောက် နေသူများ အနေဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေမှု အခြေအနေများအရ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ဖွဲ့စည်းထားသော ကြိုတင်ဆန္ဒမဲ ကောက်ယူရေးအဖွဲ့များက အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲ များကိုအောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်ကောက်ယူခဲ့ရာ ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ တွင် လုပ်ငန်းများအားလုံး ပြီးစီးပြီ ဖြစ်သည်။ ။
Nov 05, 2020
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်ဆောင်းပါးများ၊ ကဗျာများ၊ တေးသီချင်း များနှင့်အတူ တက္ကသိုလ်၏ပုံရိပ်များကို ပြန်လည်မြင်တွေ့ခံစားနေကြရပြီ။ တက္ကသိုလ် ဆိုသော ဝေါဟာရ ကို အနက်ဖွင့်ဆိုပါက အဆင့်မြင့်ပညာရပ်များကို သင်ကြားပို့ချ ဆည်းပူးရာ ကျောင်းကြီးအဖြစ် ယနေ့ခေတ်တွင် အလွယ်တကူ နားလည်နေကြပြီ ဖြစ်သော်လည်း ၁၉၂၀ ပြည့်နှစ် ရန်ကုန် တက္ကသိုလ် စတင်တည်ထောင်စဉ်ကာလကမူ တက္ကသိုလ် ဟူသည့် ဝေါဟာရ မပေါ်ပေါက်သေး။ အင်္ဂလိပ်ဝေါဟာရအားဖြင့် ရန်ကုန် ယူနီဗာစီတီ (Rangoon University) ဟူ၍သာ။
Nov 04, 2020
ရန်ကုန်တက္ကသိုလ်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်ဖွဲ့ တေးသီချင်း အပုဒ် (၁၀၀) ကို အပတ်စဉ် သောကြာနေ့တိုင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ည(၈)နာရီ သတင်းအပြီးတွင် ထုတ်လွှင့်မည်ဖြစ်ရာ နိုဝင်ဘာ ( ၆ ) ရက်ညတွင် ပွဲစဉ်(၄)အဖြစ် ဂီတမှူး စန္ဒရားဇေယျာမင်း မြန်မာမှုတေးဂီတအဖွဲ့နှင့်အတူ တေးသံရှင် ခင်မောင်ကြီး၊ စန္ဒရားဘသန်းတင် ၊ မိုးထက်မြင့် ၊ ဘုန်းသစ်၊ ခင်ညွန့်ရည်၊ နှင်းရည်သန့်၊ စိမ်းလဲ့လဲ့ ၊ စိမ့်နေခြည် ၊ သွန်း ၊ အိုပြည့်ရှင် ၊အေးမြဖြူတို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။
Nov 04, 2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှ စ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲ မှ ည ၇ နာရီအထိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။