Skip to main content

Nov 04, 2020

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်သော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတား ဦးစီးဌာန ကဆောင်ရွက်မည့် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ ပဲခူး-ကျိုက်ထို လမ်းသစ်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် အိုဒီအေချေးငွေ ဂျပန်ယန်း ၂၇ ဒသမ ၇၇၉ ဘီလီယံနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်က ဆောင်ရွက်မည့် အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (အဆင့်-၃) အတွက် အိုဒီအေ ချေးငွေ ဂျပန်ယန်း ၁၅ ဘီလီယံတို့အတွက် လဲလှယ်မှုစာချွန်လွှာများ (Exchange of Notes) နှင့် ချေးငွေစာချုပ်များ (Financing Agreements) ကို ယနေ့တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန် ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေး အေဂျင်စီ (JICA) တို့မှ တာဝန်ရှိပုဂ္ဂိုလ်များက လက်မှတ်ရေးထိုးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2020

စတုတ္ထအကြိမ် အဆင့်မြင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာ နိုင်ငံတကာ စာတမ်းဖတ်ပွဲ (The 4th International Conference on Advanced Information Technologies) (ICAIT 2020) အခမ်းအနားကို ရန်ကုန်မြို့ရှိ သတင်း အချက် အလက် နည်းပညာတက္ကသိုလ်၌ နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်များတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2020

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ၊ မဲရုံတာဝန်ကျဝန်ထမ်းများ၊ Volunteer များအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများလက်ခံ၊ ဖြန့်ဖြူးရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ(၁) နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2020

 ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေး လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်အတွက် ဂျာမနီသံရုံးမှ We Love Yangon လူထုအခြေပြုပရဟိတအသင်းသို့

ဆက်လက်ဖတ်ရှုရန်

Nov 04, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ထိုင်ဝမ် (တရုတ် -တိုင်ပေ) ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၁၂၃)ဦး အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း (၁၄၀)ကို ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ စီစဉ် သည့် China Airlines ကုန်တင်လေယာဉ်ဖြင့်ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက် ၉ နာရီခွဲ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2020

(၃-၁၁-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲ အတည်ပြုလူနာ (၁,၁၉၇) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2020

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနား မြို့နယ်အတွင်းရှိ နန့်ခမ်း၊ မလိခ၊ ပြည်ထောင်၊ နန်းကွေ့ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2020

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံ တာဝန် ကျ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ဖြန့်ဝေပေးမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသောပစ္စည်းများ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့သို့ ယနေ့တွင် အထူးလေယာဉ်များဖြင့် ဆက်လက် ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 04, 2020

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများအနေဖြင့် အောက်တိုဘာ ၂၉ ရက်မှစတင်၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း စဉ်များနှင့်အညီ မဲရုံများသို့ လာရောက်၍ ကြိုတင်ဆန္ဒမဲများ ပေးလျက် ရှိကြသည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဥတ္တရခရိုင်အတွင်းရှိ ဇေယျာသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပုပ္ဗသီရိ မြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့တွင်လည်း ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများသည် သက်ဆိုင် ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် မဲရုံများသို့လာရောက်၍ လျှို့ဝှက် ဆန္ဒပြု မဲပေးလျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်