မူဆယ် ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဦးဆောင်သည့် ဝန်ကြီးအဖွဲ့မှ မူဆယ်မြို့၊ မြို့အဝင် စစ်ဆေးရေးဂိတ် ၌ တာဝန် ထမ်းဆောင်ကြသည့် မူဆယ်မြို့ (ကိုဗစ်-၁၉) စစ်ဆေးရေးဂိတ်၌ တာဝန်ထမ်းဆောင်ကြသည့် မူဆယ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီအဖွဲ့ ဌာနဆိုင်ရာ၊ ပရဟိတနှင့် အဖွဲ့များအား ယမန်နေ့ ညနေ (၅)နာရီ အချိန်ခန့်က ကျန်းမာရေး အသုံးအဆောင်ပစ္စည်းများနှင့် အာဟာရဖြည့် အစားအစာများကို ပေးအပ်လှူဒါန်းသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရ၊ ဝန်ကြီးချုပ် ဦးဆောင်သည့် အဖွဲ့သည် မူဆယ်မြို့၊ မြို့အဝင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်၌ တာဝန် ထမ်းဆောင်ကြသည့် မူဆယ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့အား အားပေးစကားများ ပြောကြား သည်။
ထို့နောက် မူဆယ်မြို့၊ မြို့တော်ခန်းမသို့ သွားရောက်၍ မူဆယ်မြို့၊ မြို့စည်ပင်သာယာရေးဌာနမှ အသစ်ဆောက်လုပ်မည့် မြို့တော်ခန်းမ အဆောက်အဦနှင့် ပတ်သက်ပြီး စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်မိုးထွန်းက ပရိုဂျက်တာဖြင့် အဆောက်အဦပုံစံအသေးစိတ်ကို တင်ပြရှင်းလင်းကာ လိုအပ်သည်များကို ဖြည့်စွတ်ပြီး နယ်စပ်မြို့ဖြစ်သည့်အတွက် မြန်မာမှုဖြစ်သော ရှမ်းတိုင်းရင်းသားလက်မှု လက္ခဏာ ပုံဆောင်သည့် အဆောက်အဦဖြစ်စေလိုကြောင်း အကြံပြုမှာကြားသည်ဟု သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် ဦးဆောင်သည့် ဝန်ကြီးအဖွဲ့သည် မူဆယ်မြို့၌ ဖွင့်လှစ်ထားသည့် စောင့်ကြည့် ဆောင်များနှင့် ပြည်သူ့ဆေးရုံးတို့ကို ဆက်လက်ကြည့်ရှု စစ်ဆေးသွားမည် ဖြစ်ကြောင်းသိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)