Skip to main content

မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများအား လူကုန် ကူးမှုဖြင့် ထောင်ဒဏ် ချမှတ်

နေပြည်တော်၊ ဒီဇင်ဘာ ၁၆

မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန်စီစဉ်ခဲ့သူများအား လူကုန် ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ စီချမှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ (၄)ရပ်ကွက်၊ ကမ်းနားလမ်းနေ မဒလိတ် (ခ) မလှလှနွယ်(မိ)၊ မအေးအေးဝင်း (မိ)နှင့် မင်္ဂလာဒုံမြို့နယ်၊ ကျူဆန်ရွာမရပ်ကွက်နေ မအေးအေး သန်း (ခ)မအေးသန်း (မိ)တို့က မှော်ဘီမြို့နယ်၊ (၄)ရပ်ကွက်နေ မ------၊ ၁၈ နှစ်အား  တရုတ်နိုင်ငံသို့ ပို့ဆောင်၍ တရုတ်ဇနီး အဖြစ် ရောင်းစားရန် စီစဉ်ခဲ့မှုအား  မှော်ဘီမြို့မရဲစခန်း (ပ) ၁၂၃၉/ ၂၀၁၈၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၁၄ ရက်တွင် တရားခံ မဒလိတ် (ခ)လှလှနွယ်၊ မအေးအေးဝင်း၊ မအေးအေးသန်း၊ (ခ)မအေးသန်း တို့အား လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၈ အရ အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

(ရဲပြန်ကြား)