Skip to main content

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်း သစ် (၃)မျိုး ရောင်းချပေးမည်

နေပြည်တော် ဒီဇင်ဘာ ၃၀

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၃)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၂၀၀ ကျပ်တန်) (၃)မျိုးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ နတ်တော် လပြည့်ကျော် (၆)ရက် (တနင်္လာနေ့)၊ နံနက်(၉)နာရီခွဲမှစတင်၍ နေပြည်တော်ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက် များတွင် ရောင်းချပေးသွား မည် ဖြစ်သည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက် ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇန်နဝါရီ(၄)ရက်တွင် ဝယ်ယူသော စာပို့တံဆိပ် ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များ ပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးမည် ဖြစ်ကြောင်း သိရသည်။

 (သတင်းစဉ်)