Skip to main content

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်မြို့ရှိ နယ်မြေခံတပ်ရင်းအား KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လာရောက်ပစ်ခတ်တိုက်ခိုက်

နေပြည်တော် ဒီဇင်ဘာ ၂၄

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်မြို့ရှိ နယ်မြေခံတပ်ရင်းအား ယနေ့နံနက်ပိုင်းတွင် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဆားမှော်မြို့ရှိ နယ်မြေခံ တပ်ရင်းအား KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား အင်အား ၁ဝဝ ဦးခန့်သည် ယနေ့နံနက် ၃ နာရီခန့်တွင် တပ်ရင်း၏ အနောက်မြောက်ဘက်မှ လည်းကောင်း၊ နံနက် ၄ နာရီခန့်တွင် တပ်ရင်း၏ အရှေ့ဘက်မှ လည်းကောင်း၊ နံနက် ၄ နာရီ ၅၅ မိနစ်ခန့်တွင် တပ်ရင်း၏ အမှတ်(၂)ဂိတ်မှလည်းကောင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ တပ်ရင်းရှိ အရာရှိ၊ စစ်သည်များက ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ခြင်းကြောင့် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား ဆုတ်ခွာထွက်ပြေးသွားကြောင်းနှင့် ဖြစ်စဉ်တွင် စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ နယ်မြေခံတပ်ရင်းသို့ လာရောက်ပစ်ခတ်တိုက်ခိုက်ပြီး ဆုတ်ခွာ ထွက်ပြေးသွားသော KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား လိုက်လံ ချေမှုန်း တိုက်ခိုက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်