နေပြည်တော် ဒီဇင်ဘာ ၂၄
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်မြို့ရှိ နယ်မြေခံတပ်ရင်းအား KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား အင်အား ၁ဝဝ ဦးခန့်က ယနေ့နံနက် ၃ နာရီမှစတင်၍ ၃ ကြိမ်တိုင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းရှိ အရာရှိ၊ စစ်သည်များက ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သဖြင့် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ကစဉ့်ကလျားဖြင့် ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
အဆိုပါ တပ်ရင်းသို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် တာဝန်ရှိသူများက ယနေ့နေ့လယ်ပိုင်းတွင် သွားရောက်၍ ရဲဝံ့စွာတုံ့ပြန် တိုက်ခိုက်ခဲ့သော အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံပြီး လိုအပ်သည်များ မှာကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်