Jan 13, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထိန်သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ (၁၂) ရက်နံနက်ပိုင်းက ရွှေညောင် - ထီးရီ (မွေးမြူရေးဇုန်) - လင်ကွင်း - ညိုမီး - လေးမိုင် ကွေ့လမ်း တိုးချဲ့မှုလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းဘေး ဝဲ/ယာ ရေနုတ် မြောင်းများ ပြုလုပ်ဆောင်ရွက် ထားရှိရန်၊ (၁၂) ပေ အကျယ်မှ (၂၄) ပေအကျယ် ကတ္တရာလမ်း ချဲ့ခြင်းဖြစ်သည့်အတွက် ယာဉ်အန္တရာယ်မဖြစ်စေရေး အဆိုပါလမ်းပေါ်ရှိ တံတားများ အဆင့်မြှင့်တင် တည်ဆောက်သွားရန်မှာ ကြားသည်။
Jan 13, 2022
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တော်ခန်းမ၌ ဇန်နဝါရီ ၁၂ ရက်နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဂုဏ်ဆောင်ထူးချွန် သည့် အားကစားသမားများအား ထောက်ပံ့ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဂုဏ်ပြု အမှာစကား ပြောကြားသည်။
Jan 13, 2022
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူး အဖွဲ့၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 13, 2022
နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Jan 13, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံ ဆောင်ရွက် ပေးလျက်ရှိရာ ဇန်နဝါရီ ၁၁ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၃၃ ဦး၊ စုစုပေါင်း ၅၇ ဦးနှင့် သံဃာတော် ၂ ပါးတို့ကို အသီးသီး လက်ခံ ခဲ့ကြသည်။
Jan 13, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိ သော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ဇနဗျင်းကျေးရွာအဝင်သို့ ရောက်ရှိစဉ် အကြမ်းဖက်သမား များက လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်း ဖက်သမားများသည် မြောက်ဘက်သို့ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
Jan 13, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ အမျိုးသား ၄ ဦးက သေနတ်ပြခြိမ်းခြောက်၍ ငွေနှင့် ရွှေထည်များအား လုယက်မှုကျူးလွန်ခဲ့ကြောင်း သိရသည်။
Jan 13, 2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၌ အသေးစားချေးငွေလုပ်ငန်း (PACT MYANMAR) မှ ချေးငွေကောက်ယူမှုလုပ်ငန်းများဆောင်ရွက်နေစဉ် အမျိုးသား ၆ ဦးက သေနတ်ပြခြိမ်းခြောက်၍ ငွေကျပ်သိန်း ၄၀ ကျော်အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
Jan 13, 2022
မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ပညာရေးဝန်ထမ်း ၁ ဦး၊ ဌာနဆိုင်ရာ ဝန်ထမ်း ၃ ဦးနှင့် ၎င်းတို့၏ မိသားစုဝင် ၂ ဦးတို့အား အကြမ်းဖက်အဖွဲ့များက ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။
Jan 13, 2022
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ၂၀၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် သာသနာတော်ဆိုင်ရာ ' ဘွဲ့တံဆိပ်တော်များ ဆက်ကပ် အပ်နှင်းရာတွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ဆက်ကပ်ခြင်းခံရသော နိုင်ငံ တော် ဩဝါဒါစရိယ၊ မဏိရတနာ မြတောင်ကျောင်းတိုက် အဓိပတိ မဟာနာယက ဆရာတော် ဘဒ္ဒန္တ အကိုရအား မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် ဇနီးတို့က ဂုဏ်ပြုပူဇော်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ယင်းကျောင်းတိုက်ရှိ မြတောင်သာသနာ နှစ် (၁၀၀) ပြည့်ဗိမာန်တော်တွင် ကျင်းပသည်။