Jan 13, 2022
စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေး ခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးရဲတင့်၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
Jan 13, 2022
မြန်မာနိုင်ငံ၏ အပစ်အခတ်ရပ်စဲမှု၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့ကို တိုးမြှင့်ရန်နှင့်တရုတ်- မြန်မာ နယ်စပ် ဒေသ၌နေထိုင်သည့် ပြည်သူများ၏လူနေမှုဘဝ တိုးတက်ရေးတို့အတွက်ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအစိုးရမှ နယ်စပ်ရေးရာဝန်ကြီးဌာနသို့ အမေရိကန်ဒေါ်လာ နှစ်သိန်း ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 13, 2022
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အကန့်အသတ်၊ အတားအဆီးများ၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်းနှင့် ကပ်ရောဂါကူးစက်ပျံ့နှံ့မှု နှင့်စပ်လျဉ်း၍ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည်တို့ ဆိုက်ဆိုင်း ကျဆင်းရခြင်းဟူသော အကြောင်းတရား၊ နိုင်ငံရေးအပြောင်းအလဲများကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများ၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားမှုများ၊ ရပ်ရွာအေးချမ်းသာယာရေး ပျက်ပြား မှုများဟူသော အကြောင်းတရား။ ယင်းအကြောင်းတရား နှစ်ရပ်ကိုမှာ မြန်မာပြည်သူတို့၏ နေ့စဉ်ဘဝများတွင် နတ်ဆိုးများသဖွယ် အနှောင့်အယှက်ပြုနေကြသည်။
Jan 13, 2022
နိုင်ငံတော်က ချမှတ်ထားသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကို စေ့ငုကြည့်ပါက တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံပေါများရေးအတွက် ရှေးရှုဆောင်ရွက် ထားသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်၏ ဦးတည်ချက်များနှင့်အညီ နိုင်ငံတော်အစိုးရက ပြည်သူအားလုံး၏ စားဝတ်နေမှုဖူလုံရေး၊ ကျေးလက်ဒေသနှင့် မြို့ပြဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းရေးနှင့် ဆင်းရဲမှု လျှော့ချနိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၂-၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Jan 12, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာစည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင် ရွက်ကြရန် လိုအပ်ပါသည်။
Jan 12, 2022
၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၇ ရက်မှ ၂၁ ရက်အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ကျင်းပလျက်ရှိရာ ယနေ့ ညနေပိုင်းတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တာဝန်ရှိသူများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့် ရှုအားပေးကြသည်။
Jan 12, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၁ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၊ ပူးပေါင်းအဖွဲ့က Toyota Hiace (၂)စီးပေါ်မှ ခရီးသည်ပစ္စည်းများ နှင့်အတူ ရောနှော သယ်ဆောင်လာသော တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြ နိုင်ခြင်းမရှိသည့် လျှပ်စစ်ရေနွေးအိုး(၃၉၀)၊ ဖိနပ်အစုံ (၅၈၀) ၊ လျှပ်စစ်ဒယ်အိုး (၁၀၀)၊ ခေါင်းလိမ်းဆီဘူး (၅၈၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၉၁၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့သည်။
Jan 12, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီသည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ အမြဲတမ်း အတွင်းဝန် ဦးအောင်ကျော်စိုး၊ တာဝန်ရှိသူများနှင့် အတူ ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြစ်ကြီးနား မြို့နယ် ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးပြီး သူများ၏ ကိုယ်ရေးအချက်အလက်များကို Digital စနစ်သို့ ပြောင်းလဲနိုင်ရေး ကွန်ပျူတာဖြင့် ဖြည့်သွင်း ဆောင်ရွက်နေမှုနှင့် နေပြည်တော်ရှိရုံးချုပ်နှင့် Online စနစ်ဖြင့် ချိတ်ဆက်၍ အချက်အလက်များ တိုက်ဆိုင်ဖြည့်သွင်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည်နှင့်အညီ စနစ်တကျ ထိန်းသိမ်းနိုင်ရေးနှင့် e-ID စနစ်အကောင် အထည်ဖော်ရာတွင် ချိတ်ဆက် အသုံးပြုနိုင်ရေး ကြိုတင်မျှော်တွေး ဆောင်ရွက်ကြရန် မှာကြားသည်။
Jan 12, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း ယွန်းပညာ ကောလိပ်(ပုဂံ)နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Jan 12, 2022
ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအနက် အထောက်အထားမရှိသူများကို တရားဝင်နေထိုင်လုပ်ကိုင်နိုင်ရန် ထိုင်းနိုင်ငံ စမုစခွန် ခရိုင်၊ စမုပရာ ကန်ခရိုင်၊ ချင်းမိုင်ခရိုင်၊ ချွန်ဘူရီခရိုင်၊ ရနောင်းခရိုင်တို့တွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) သက်တမ်းတိုးစခန်း ၅ ခုဖွင့်လှစ်၍ ဇန်နဝါရီ ၁၀ ရက်မှ စတင် ဆောင်ရွက်လျက်ရှိရာ အလုပ်သမားဦးရေ ကျား ၄၂၆ ဦး၊ မ ၃၅၇ ဦး၊ စုစုပေါင်း ၇၈၃ ဦး CI သက်တမ်း တိုးစာအုပ်များ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။