ပဲခူး ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တော်ခန်းမ၌ ဇန်နဝါရီ ၁၂ ရက်နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဂုဏ်ဆောင်ထူးချွန် သည့် အားကစားသမားများအား ထောက်ပံ့ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဂုဏ်ပြု အမှာစကား ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးမှ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားဟောင်းများ ဖြစ်ကြသည့် ဦးရဲညွန့်(ဘောလုံး) နှင့် ဦးတင်အောင်(ဂိုး)တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ ဦးဝင်းမောင် (ဘောလုံး)နှင့် ဦးသန်းစိုး(ခ) ဦးဆပ်သီး (ဘောလုံး) တို့အား တိုင်းဒေသကြီးတရားလွတ်တော်၊ တရားသူကြီးချုပ်က လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးများက နိုင်ငံ့ဂုဏ်ဆောင် ဘောလုံး၊ လှေလှော်၊ ပြေးခုန်ပစ်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့၊ နပန်း၊ ပီတန်း၊ အလေးမ၊ မြှားပစ်၊ ဗိုဗီနမ်၊ မွေထိုင်း အားကစားနည်းများ၌ ရွှေ၊ ငွေ၊ ကြေး တံဆိပ်များရရှိခဲ့ကြသည့် ထူးချွန်အားကစားသမားများအား ဂုဏ်ပြုဆုငွေများ၊ ဂုဏ်ပြုမှတ်တမ်းများနှင့် ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ကြရာ နိုင်ငံ့ဂုဏ်ဆောင် ဘောလုံးအားကစား သမားဟောင်း ဦးတင်အောင်(ဂိုး)က ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံတကာ အားကစား ပြိုင်ပွဲများတွင် တိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ်ဆောင် ရွှေ၊ ငွေ၊ ကြေး တံဆိပ်များရရှိခဲ့ကြသည့် အားကစား သမား (၃၃) ဦးအား ဂုဏ်ပြုငွေကျပ် (၆၆) သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)