Skip to main content

နယ်စပ်ရေးရာဝန်ကြီးဌာနက နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဧပြီ ၂၄

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးကိုနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဒက္ခိဏသီရိမြို့နယ် ရွှေပြည်တော်ဝင် သာမဏေကျော် ကျောင်းတိုက်ရှိ သံဃာတော်များ၊ စာသင်သား သာမဏေများအတွတ် ဆွမ်းဆန် တော်၊ ဆီ၊ ပဲနှင့် ကြက်ဥများ လှူဒါန်းသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် လတ်တလောဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ သံဃာတော်များ ဆွမ်း ကွမ်း အခက်အခဲမရှိစေရေး စာသင်တိုက်များသို့ လည်းကောင်း၊ ပရဟိတကျောင်းများသို့ လည်းကောင်း၊ စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းလျက်ရှိသည့်အပြင် ဒေသအသီးသီးရှိ ကိုဗစ်-၁၉ စင်တာများသို့လည်း စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်