Skip to main content

Apr 26, 2022

ရန်ကုန်တိုင်းစစ်ဌာနချုပ် မှော်ဘီတပ်နယ်ရှိ တပ်မတော်သား မိသားစုဝင်များ၏ သား/သမီးများအတွက် ဖွင့်လှစ်သည့် နွေရာသီ အခြေခံအင်္ဂလိပ်စာ၊ ကွန်ပျူတာနှင့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်ခန်းမ၌ ပြုလုပ်ရာ မှော်ဘီတပ်နယ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 26, 2022

နွေရာသီကျောင်းပိတ်ရက်တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် သားသမီး များအတွက် ဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ငြိမ်းအေး ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 26, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုရှည် ပထမဆုရရှိသည့် စာရေးဆရာ ညိမ်းညို၏ “မလင်းဘယ်ခါ ရှိပါ့မယ်” စာအုပ်ကို ဖြန့်ချိရောင်းချလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 26, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု လူငယ်စာပေ ပထမဆုရရှိသည့် စာရေးဆရာမ ယဉ်ယဉ် (ဘက်ရဲ)၏ “ကြယ်မကြွေသော ထိုကောင်းကင်” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 26, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနသည် စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းကာ ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 26, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ပုလဲမြို့သစ် နွယ်ခွေယန္တရားဝင်းသို့ ရောက်ရှိပြီး စက်၊ ယာဉ်၊ ယန္တရားများ လုံခြုံရေး အထူးဂရုပြုရန်၊ ကျူးကျော်တဲများ ချဉ်းကပ်မှု မရှိစေရေး ဝန်ထမ်းအင်အား လုံလောက်စွာ စုဖွဲ့ တာဝန်ပေးအပ်ရန် မှာကြားကာ လုံခြုံရေးဂိတ်၊ ပစ္စည်းဟောင်း ဂိုဒေါင်နေရာများ၊ စက်ပြင်/စက်မောင်းဝန်ထမ်းလိုင်းခန်းနေရာနှင့် စက်ယာဉ် ယန္တရားများ ထိန်းသိမ်းထားရှိမှုနှင့် နွယ်ခွေ ယန္တရားဝင်း ပတ်လမ်းတစ်လျှောက် လိုက်လံကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 26, 2022

ဝန်ထမ်းအဖွဲ့အစည်း ဒုတိယ အကြီးအမှူး စီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ် (၉)နှင့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ်(၁၀)တို့၏ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) နီလာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 26, 2022

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်လုပ်ငန်းစဉ်နှင့် မဲစာရင်းမှန်ကန်စေရေး ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 26, 2022

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 26, 2022

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ တပ်မတော်သား မိသားစုဝင်များ၏ သား/သမီးများအတွက် ဖွင့်လှစ်သည့် နွေရာသီကွန်ပျူတာ အခြေခံသင်တန်း၊ အင်္ဂလိပ်စကားပြော အခြေခံ/ အဆင့်မြင့်သင်တန်း၊ ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းနှင့် မြန်မာ့သိုင်း အခြေခံသင်တန်းများ ဖွင့်ပွဲကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်