Apr 22, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkaew ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
Apr 22, 2026
နိုင်ငံတော်သမ္မတ၏လမ်းညွှန်မှာကြားချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ခရီးသွား ပြည်သူများအဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရန်ကုန် - မန္တလေး - ရန်ကုန်ရထားခရီးစဉ်အဖြစ် အမှတ် (၅) အဆန်/ အမှတ် (၆) အစုန် လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားအား ၂၀၂၆ ခုနှစ် မေ ၁ ရက်မှစတင်၍ အောက်ပါအချိန်ဇယားအတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်သည်။
Apr 22, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Apr 22, 2026
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၂) ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းအား ထပ်ဆင့်ရှင်းလင်းသည်။
Apr 22, 2026
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ဝန်ထမ်းများအားဌာန၏ တာဝန်နှင့် ဆောင်ရွက်သွားမည့် အစီအမံများ ရှင်းလင်းပြောကြားခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၆) ၌ ပြုလုပ်သည်။
Apr 22, 2026
သာသနာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီတွင် သာသနာရေးဝန်ကြီးဌာန ရုံးအမှတ် ၃၁ စုပေါင်းအစည်းအဝေးခန်းမမြေညီထပ်၌ ကျင်းပသည်။
Apr 22, 2026
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းလမ်းညွှန်ချက်အပေါ် ရှင်းလင်းခြင်းအစီအစဉ်ကို ယနေ့မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဇော်မြင့်နိုင်၊ ဦးသက်ထွန်းအောင်၊ ဒေါက်တာစန္ဒာဦးနှင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Apr 22, 2026
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy သို့ ရောက်ရှိပြီး အပန်းဖြေရိပ်သာ (Recreation Centre) တည်ဆောက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုကာ Naypyitaw State Academy တွင် Centre for Research and Innovation(CRI) ဖွင့်လှစ်နိုင်ရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Apr 22, 2026
မန္တလေးတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပသည်။
Apr 22, 2026
မြန်မာနိုင်ငံသို့ ဧပြီ ၂၁ ရက်မှ ၂၂ ရက်အထိ ခရီးစဉ်လာရောက်သည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
Apr 22, 2026
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အားကစားရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးနှင့်အထက် အရာထမ်းများနှင့် တွေ့ဆုံခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရုံးအမှတ် (၃၁) ရှိ အားကစားရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 22, 2026
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 22, 2026
နှစ်သစ်ကူးကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 22, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး လမ်းညွှန်မှာကြားချက်များ၊ အစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) နှင့်စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ် (၁၆) စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
Apr 22, 2026
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယနေ့တွင် ရုံးအမှတ် (၃၅) နှင့် ရုံးအမှတ် (၃၃) တို့၌ ကျင်းပသည်။
Apr 22, 2026
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနနှင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့မှ ဝန်ထမ်းများ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ ဘိုးဝဇီရခန်းမ၌ ပြုလုပ်သည်။
Apr 22, 2026
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေလုံကျန်းပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဟေလုံကျန်းပြည်နယ်ဆိုင်ရာ ကော်မတီအတွင်းရေးမှူး H.E .Mr. Xu Qin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ Jasmine ဟိုတယ်၌ ညစာဖြင့် တည်ခင်းဧည့်ခံသည်။
Apr 22, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ဧပြီ ၂၀ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ပထမအကြိမ် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့်အချိန်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို အလေးထား၍ ဦးစားပေးဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့မှုနှင့် တိုင်းပြည်စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နေကြရန်နှင့် အလုပ်လုပ်ကြရန် တိုက်တွန်းခဲ့သည်တို့ကို ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
Apr 22, 2026
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၂၈၉ တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးဆောင်ရွက်စေရမည်ဟူ၍ ပြဋ္ဌာန်းထားသည်။ ရပ်ကွက်၊ ကျေးရွာဆိုသည်မှာ နိုင်ငံ၏ အခြေခံအကျဆုံးသော အစိတ်အပိုင်းကလေးများဖြစ်ကြပြီး ရပ်ရွာအုပ်ချုပ်ရေးဆိုသည်မှာလည်း ပြည်သူများနှင့် နေ့စဉ်တိုက်ရိုက်ထိတွေ့နေရခြင်းဖြစ်သည့်အလျောက် အရေးကြီးသည်။
Apr 21, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ကြေညာချက်အမှတ် ၁ / ၂၀၂၆
