Skip to main content

Apr 22, 2026

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၂၈၉ တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးဆောင်ရွက်စေရမည်ဟူ၍ ပြဋ္ဌာန်းထားသည်။ ရပ်ကွက်၊ ကျေးရွာဆိုသည်မှာ နိုင်ငံ၏ အခြေခံအကျဆုံးသော အစိတ်အပိုင်းကလေးများဖြစ်ကြပြီး ရပ်ရွာအုပ်ချုပ်ရေးဆိုသည်မှာလည်း ပြည်သူများနှင့် နေ့စဉ်တိုက်ရိုက်ထိတွေ့နေရခြင်းဖြစ်သည့်အလျောက် အရေးကြီးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ကြေညာချက်အမှတ် ၁ / ၂၀၂၆

ဆက်လက်ဖတ်ရှုရန်

Apr 21, 2026

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်အတွင်းသို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် ရုရှားနိုင်ငံသားတစ်ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေးစစ်ဆေးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2026

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ဒေသတစ်ဝိုက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်စိုးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်တက်ရောက်ဂုဏ်ပြုကြိုဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2026

“နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်” ဟူသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ မိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာ ပါဝင်စာရင်းပေးခဲ့သော ပြည်သူ့စစ်မှုထမ်းများကို သင်တန်းအမှတ်စဉ်များအလိုက် ခေါ်ယူလေ့ကျင့်ပေးပြီး တပ်ရင်း/ တပ်ဖွဲ့အသီးသီး၌ တာဝန်ထမ်းဆောင်စေလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2026

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟေလုံကျန်းပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ နှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဟေလုံကျန်းပြည်နယ်ဆိုင်ရာကော်မတီအတွင်းရေးမှူး H.E. Mr. Xu Qin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2026

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Apr 21, 2026

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲထွန်းဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၌ လက်တွေ့လုပ်ငန်းများ အလုပ်သင်ကွင်းဆင်းနေသည့် တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာတစ်နှစ်သင်တန်း အမှတ်စဉ်(၂) သင်တန်းသားများကို တွေ့ဆုံအားပေးစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2026

ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ဥပဒေရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်း (Legal Advocacy Center)၌ ဖွင့်လှစ်လျက်ရှိသည့် ဥပဒေအရာရှိအဆင့်-၄ (အစမ်း ခန့်) များလုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (၁/၂၀၂၆)တွင် သရုပ်ပြ တရားရုံး(Mock Court) ပို့ချနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2026

အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ မှီခိုသူမိသားစုဝင် ကျောင်းသား ကျောင်းသူများ နွေရာသီကျောင်း ပိတ်ရက်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ယဉ်ကျေးလိမ္မာသင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းများဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးနေမျိုးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းနည်းပြ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2026

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရတို့နှင့်ပူးပေါင်း၍ တောင်သူများကို စက်သုံးဆီအခက်အခဲ လျော့နည်းသက်သာစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရေးအတွက် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် ဆီထွက်သီးနှံ ထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသော ကျေးရွာများသို့ ပြည်တွင်းထုတ်ဒီဇယ်ဆီတစ်ဂါလန်လျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် လက်ငင်းငွေချေစနစ်ဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းသည် ယနေ့မွန်းလွဲပိုင်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2026

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ဒေသတစ်ဝိုက် နယ်မြေလုံခြုံရေး တာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက် ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခုတ်မြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်စိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်တက်ရောက် ဂုဏ်ပြုကြိုဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2026

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံ အဖွဲ့ဝင်အမျိုးသား ၁၁ ဦးသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြပြီး တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2026

လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက နိုင်ငံတော်သမ္မတ၏မိန့်ခွန်းအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးစစ်နိုင်၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2026

ယခုကာလတွင် အရှေ့အလယ်ပိုင်းဒေသ၌ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် စက်သုံးဆီအခက်အခဲများနှင့် နောက်ဆက်တွဲဂယက်ရိုက်ခတ်မှုများကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း စက်သုံးဆီအခက်အခဲများနှင့် အထွေထွေလိုအပ်ချက်များကို ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် ပြည်သူများ၏ လိုအပ်ချက်များနှင့်အတူ တောင်သူလယ်သမားများ၏ သွင်းအားစုကုန်ပစ္စည်းများနှင့် ပတ်သက်၍လည်း အခက်အခဲမရှိအောင် ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2026

အစိုးရအဖွဲ့သစ်စတင်တာဝန်ယူသည့် ပထမဆုံးရက် ၁၀၀ တွင် ထွက်ပေါ်လာသည့်ရလဒ်များက ယင်းအစိုးရ၏ စွမ်းဆောင်နိုင်စွမ်းကို အကဲဖြတ်နိုင်သည်ဟုဆိုကြသည်။ သို့ရာတွင် ယင်းအဆိုသည် ဒီမိုကရေစီစနစ် အခြေတကျစွဲမြဲရှင်သန်နေပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးပြီးသည့် နိုင်ငံများတွင် ပီပီပြင်ပြင်ဖြစ်နိုင်သော်လည်း မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံမျိုးအဖို့မူ လတ်တလောရင်ဆိုင်ဖြေရှင်းရမည့် အခက်အခဲများ၊ စိန်ခေါ်မှုများက ရက် ၁၀၀၀ စာမက ရှိနေသည်။ မည်သို့ပင်ဆိုစေ နိုင်ငံတော်သမ္မတက အစိုးရအဖွဲ့ရက်ပေါင်း ၁၀၀ နှင့်ပတ်သက်၍ ဦးစားပေးဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ပြည်သူလူထုသိရှိစေရန် ထုတ်ဖော်ပြောကြားလိုက်ပြီ ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2026

နိုင်ငံတော်အစိုးရ၏ စီမံခန့်ခွဲမှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ပေါင်းစပ်၍ နွေစပါးစိုက်ပျိုးသည့် တောင်သူများ သွင်းအားစုဓာတ်မြေဩဇာများ အရည်အသွေးမှန်ကန်စွာအသုံးပြုနိုင်စေရန်နှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်