Apr 26, 2026
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် နေပြည်တော်သို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။
ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် ပညာရပ်ဆိုင်ရာ ရလဒ်ထွက်ပေါ်မည့် ရက် (၁၀၀) အစီအစဉ်အတွက် မှာကြား
Apr 26, 2026
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ ပရိဝုဏ်လှပတင့်တယ်ရေး ဆောင်ရွက်နေမှုများကိုကြည့်ရှုသည်။
Apr 26, 2026
အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိပတ္တမြားခန်းမ၌ ကျင်းပသည်။
Apr 26, 2026
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်၍ “နယ်စပ်ဖြတ်ကျော် အလုပ်သမားရေးရာနှင့်စပ်လျဉ်း၍ အဆင့်မြင့်ကိုယ်စားလှယ် စကားဝိုင်းဆွေးနွေးပွဲ”ကို ယမန်နေ့က ဖိလစ်ပိုင်နိုင်ငံ မက်ထရိုမနီလာမြို့၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်သည်။
Apr 26, 2026
ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးထွန်းလူ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ မြန်မာအမျိုးသားလေကြောင်းပျံသန်းမှုလုပ်ငန်းဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Apr 26, 2026
နိုင်ငံတော်အစိုးရက PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ဥပဒေဘောင်အတွင်းဝင်ရောက်ခြင်း၊ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို ပြုလုပ်နိုင်ရန်အတွက် ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး ဖိတ်ခေါ်ကမ်းလှမ်းထားသည်။ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား ဥပဒေဘောင်အတွင်း ဝင်ရောက်လာစေရေးအတွက် အသိပေးအကြောင်းကြားလျက်ရှိရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတို့တွင် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည်ကို ဝမ်းမြောက်ဖွယ်တွေ့မြင်နေရသည်။
Apr 26, 2026
ကမ္ဘာပေါ်တွင် အဝတ်အထည်လုပ်ငန်းများအတွက် ဝါဂွမ်းသည် အဓိကကုန်ကြမ်းဖြစ်သော်လည်း နိုင်လွန်၊ ရေယွန်၊ ပိုလီယက်စတာစသော ချည်မျှင်တုများကို ပေါပေါများများ ထုတ်လုပ်သုံးစွဲလာနိုင်သည့်အခါတွင် ဝါဂွမ်းသုံးစွဲမှုလျော့ကျလာသည်။ ဝါဂွမ်းကုန်ကြမ်းသုံးစွဲမှုသည် ဒေသအလိုက်၊ အချိန်အခါအခြေအနေအလိုက် အတက်အကျရှိနေပြီး ချည်မျှင်တုများနှင့် ဈေးကွက်ယှဉ်ပြိုင်မှုများရှိနေသော်လည်း ဖွံ့ဖြိုးပြီး ဝင်ငွေမြင့်မားသည့်နိုင်ငံများတွင် သဘာဝချည်မျှင်ဖြစ်သည့်ဝါကို ပိုမိုသုံးစွဲလာကြကြောင်း ဝါပညာရှင်တစ်ဦးက ဆိုသည်။
Apr 25, 2026
ချင်းပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ဖလမ်းမြို့သည် ပြည်နယ်ရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံးများစိုက်ရာ တောင်ပေါ်မြို့တစ်မြို့ဖြစ်သည်။ မြောက်ဘက်တွင် တီးတိန်မြို့နယ်နှင့် တောင်ဘက်တွင် ဟားခါးမြို့နယ်တို့တည်ရှိကာ ဖလမ်းမြို့အနီး ဆူရ်ဘုန်တောင်တွင် လေယာဉ်ကွင်းရှိပြီး ချင်းပြည်နယ်၏ ပထမဆုံးလေဆိပ်ရှိသည့်မြို့ဖြစ်သည်။ ဖလမ်းမှတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်သို့လည်းကောင်း၊ ဖလမ်း-ဟားခါးမှတစ်ဆင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ဘက်သို့လည်ကောင်း သွားလာနိုင်ပြီး အချက်အချာကျပြီး နယ်မြေအေးချမ်းသည့် မြို့တစ်မြို့ဖြစ်သည်။
Apr 25, 2026
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ဧည့်ဆောင်တော်၌ လက်ခံတွေ့ဆုံသည်။
Apr 25, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Apr 25, 2026
နိုငံတော်သမ္မတ၏ ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပခဲ့သော ကတိသစ္စာပြုပွဲအခမ်းအနား၊ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများအား တွေ့ဆုံမှာကြားသည့် မိန့်ခွန်း၊ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်သစ်ကူးနှုတ်ခွန်းဆက်မင်္ဂလာစကားနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် အမှာစကားပြောကြားခဲ့မှုများအရ အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း ဦးစားပေးဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် ရှေ့ဆက်လက်အကောင်အထည်ဖော်မည့်လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် ဒေသစာရင်းစစ်ရုံးများမှ ဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
Apr 25, 2026
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်းအနေဖြင့် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့်မြို့များသို့ ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေလွယ်ကူချောမွေ့စေရေးအတွက် L-410 လေယာဉ်ငယ်များဖြင့် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်အတွင်းရှိ မာန်အောင်မြို့နှင့် ကျောက်ဖြူမြို့များသို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်လေဆိပ်ကို အခြေပြု၍ ထားဝယ်မြို့၊ ဘုတ်ပြင်းမြို့နှင့် ကော့သောင်းမြို့များသို့လည်းကောင်း ယနေ့နံနက်ပိုင်းမှ စတင်ပျံသန်းပြေးဆွဲလျက်ရှိသည်။
Apr 25, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ၊ ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမမုခ်ဦးအဝင်လမ်း၊ ရေမြောင်း၊ ပလက်ဖောင်း၊ မြေယာရှုခင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
Apr 25, 2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာသို့ သွားရောက်၍ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးစိုက်တောင်သူများအား ယူရီးယားမြေဩဇာရောင်းချပွဲသို့ တက်ရောက်သည်။
Apr 25, 2026
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ငလျင်ကြောင့် မန္တလေးဒေသရှိ အရိပ်မထွက်ဘုရား၊ ဘုရားနီဘုရား၊ မဟာမင်းထင် သစ်သားဘုန်းကြီးကျောင်း၊ မဟာစန္ဒာမုနိဘုရားနှင့် မဟာမုနိဘုရားကြီးတို့ ထိခိုက်ပျက်စီးမှုနှင့် ပြုပြင်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Apr 25, 2026
“ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ်အခမ်းအနား”ကို ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) တွင် ကျင်းပသည်။
Apr 25, 2026
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့် အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းများအပေါ် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက ရုံးအမှတ် (၁၇) ပြည်ထောင်စုရာထူးဝန်အဖွဲ့ စုပေါင်းခန်းမ၌ ကျင်းပသည်။
Apr 25, 2026
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် “အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ခွဲခန်းတည်ဆောက်ခြင်းစီမံကိန်း(ပထမအဆင့်)” ၏ စီမံကိန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။
Apr 25, 2026
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဇေယျာသီရိမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကျည်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံသည်။
Apr 25, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ဧပြီ ၂၀ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “လာမည့်ဘဏ္ဍာနှစ်တွင် ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၀ ရာခိုင်နှုန်းထက်မနည်း တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ပြီး လာမည့်တစ်နှစ်ကျော်တွင် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက်သည့် ငါးနှစ်တာကာလအတွင်း ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
