Skip to main content

Apr 18, 2025

မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာကောင်းများနှင့်အညီ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် တန်ခူးလပြည့်ကျော် (၅) ရက်၊ ခရစ်သက္ကရာဇ် ၂၀၂၅ ခုနှစ် ဧပြီ ၁၇ ရက်သည် မြန်မာနှစ်ဆန်း တစ်ရက်နေ့ဖြစ်သည်နှင့်အညီ ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြရာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် စည်ပင်သာယာရေးကော်မတီရုံး အနောက်ဘက်ရှိ ငလိုက်ရာဘာရေလွှဲဆည်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2025

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများက မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းတွင် ဇီဝိတဒါနငါးပေါက်များကို နေပြည်တော်နာရီစင်အနီး မင်္ဂလာကန်အတွင်းစုပေါင်းငါးလွှတ် ခြင်းများ ပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2025

၁၃၈၇ ခုနှစ် မြန်မာ့နှစ်သစ်ကူးအခါသမယတွင် နိုင်ငံသူ၊ နိုင်ငံသားများ ဥပဒ်ဘေးဒဏ် ရန်အသွယ်သွယ် အန္တရာယ်အဝဝ ကင်းစင်ပပျောက်စေနိုင်ရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီ၏ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားကိုယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2025

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အမြား ဖြစ်ပေါ်ခဲ့ခြင်း အတွက် အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာတေအီအက်စ်ကီ စီလက်ဆေက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2025

ပြည်သူများ ဘေးအန္တရာယ်အပေါင်း ကင်းရှင်းပြီး ငြိမ်းချမ်းသာယာစေရေးအတွက် ယနေ့နံနက် ၇ နာရီတွင် ဆရာတော်ကြီးများက ပြည်ထောင်စုနယ်မြေ နေပြည်တော်ဝေဟင်၌ ရဟတ်ယာဉ်ဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပြီး ပရိတ်ရေများ ပက်ဖျန်းတော်မူကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2025

ဘူတန်ဘုရင့်နိုင်ငံ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ၅၁ ဦးသည် ပထမအသုတ်အဖြစ် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ဘူတန်ဘုရင့်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2025

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/ အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2025

မြန်မာ့နှစ်သစ်ကူး အခါသမယမှာ မြန်မာလူမျိုးတို့ဟာ ဒါနပြုခြင်း၊ သီလစောင့်ခြင်း၊ တရားဘာဝနာစီးဖြန်းခြင်း စတဲ့ကောင်းမှုကုသိုလ်တွေကို ပြုလုပ်ကြပါတယ်။ ထိုသို့သော အစဉ်အလာကောင်းတို့ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် မြန်မာနိုင်ငံတော်ကြီး စည်ပင်သာယာငြိမ်းချမ်းမှုအပေါင်း အဓွန့်ရှည်ပါစေကြောင်း ဆုတောင်းလိုပါတယ်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2025

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်နေ့မှာ ကျရောက်တဲ့ နှစ်သစ်ကူး အခါသမယမှာ မြန်မာပြည်သူပြည်သား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ဆက်လက်ဖတ်ရှုရန်