Skip to main content

မြောင်းမြအကျဉ်းထောင်နှင့် မြောင်းမြမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံးအချုပ်ခန်းများအား ကြည့်ရှု စစ်ဆေး

နေပြည်တော် အောက်တိုဘာ ၆

 မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်အဖွဲ့ဝင်ဦးကျော် စိုးနှင့် ဦးကျော်မြင့်တို့ ဦးဆောင်သောအဖွဲ့ သည် အောက်တိုဘာ ၅ ရက်နှင့် ၆ ရက်တွင် မြောင်းမြ အကျဉ်းထောင်နှင့် မြောင်းမြမြို့ ပေါ်ရှိ ရဲစခန်း၊ တရားရုံးအချုပ်ခန်း တို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြား ချက်၊ သတိပေးချက်၊ စည်းကမ်း ချက်များနှင့်အညီ သွားရောက် ကြည့်ရှုစစ်ဆေး ကြသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များ နှင့်အညီ အကျဉ်းသား/ အကျဉ်း သူ၊ အချုပ်သား၊ အချုပ်သူများကို အုပ်စုခွဲတွေ့ဆုံကာ အကျဉ်းသား တစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့် အရေးဖြစ်သောနေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ၊ မရှိ၊ ထောင်ဝင်စာပစ္စည်းများ ပြည့်စုံစွာရရှိမှု ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများရရှိခြင်း ရှိ မရှိ နှင့် အကျဉ်းထောင်အတွင်း ညှဉ်းပန်း နှိပ်စက်မှု ရှိ၊ မရှိ တို့ကို မေးမြန်း မှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်း တွေ့ဆုံလိုသူ အကျဉ်းသား/  အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများနှင့် တွေ့ဆုံကာ ၎င်းတို့၏ တင်ပြချက်များကို မှတ်တမ်းတင် ကြသည်။

ထို့နောက် အကျဉ်းထောင်ရှိ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏အိပ်ဆောင် များ၊ ဆေးရုံဆောင်၊ တိုက်ခန်းများ၊ စာကြည့်တိုက်(ဝဲပုံ)၊ စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေနှင့် သုံးရေ ကန်များ၊ မိလ္လာများ သန့်ရှင်းမှု ရှိ မရှိကို လည်းကောင်း၊ လတ် တလော ဖြစ်ပွားလျက်ရှိသော ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးနှင့် ယင်းနောက် အကျဉ်းသား/ | အချုပ်သားများအသိပညာတိုးပွား စေရန် ရည်ရွယ်၍ အကျဉ်းထောင် စာကြည့်တိုက်တွင် ထားရှိ ရန် သုတ၊ ရသ၊ ကျန်းမာရေး၊ ဘာသာရေးစာအုပ်မျိုးစုံ အုပ်ရေ ၂၀၀ နှင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း မြန်မာပြန် မှတ်စုစာအုပ် ၆၉၀ တို့ကို လှူဒါန်း ခဲ့ကြသည်။ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်များအတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက် များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်