Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့် ဆေးပစ္စည်းများ၊ အသား၊ ငါးများနှင့် စားသောက်ကုန်များကို ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကားရောင်းချပေးသည့် အစီအစဉ် တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူနိုင်ရေး၊ အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာရရှိစေရေးအတွက် ပန်းဘဲတန်း မြို့နယ်ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါး များ လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်း ဒုတိယအစီအစဉ်ကို ယနေ့တွင်ဆောင်ရွက်ခဲ့ရာ ဆေးနှင့်ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသော ကုမ္ပဏီကိုးခုမှ အိမ်သုံးဆေးဝါး ၁၁၄ မျိုး ရောင်းချခဲ့သည်။

ထို့အတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက် ရှိသည့် အလုံမြို့နယ် ကမ်းနားလမ်း လွတ်လပ်ရေးရပ်ကွက် အမှတ် (၁၀၄/၁၀၈)နေရာ၌ ဆေးနှင့် ဆေးပစ္စည်းများကို ၃၈ ရက်မြောက်နေ့ အဖြစ် ဆက်လက်ရောင်းချပေးလျက်ရှိသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အချို့တွင်လည်း ရွေ့လျား ဈေးကားဖြင့် အသား၊ ငါးများနှင့် စားသောက်ကုန်များကို ရောင်းချပေးခဲ့ ကြောင်း သိရသည်။

သတင်းစဉ်