ရေတာရှည် နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ အမှတ်(၂)ရပ်ကွက်ရှိ CB ဘဏ်သို့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၅ ရက် မွန်းလွဲ ၁ နာရီ ၃၀ အချိန်ခန့်က Wave-100(ဖြူ/နက်)နှင့် Luojia(နက်) ဆိုင်ကယ်နှစ်စီးဖြင့် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အကြမ်းဖက်သမားလေးဦး ရောက်ရှိလာပြီး ဘဏ်အတွင်းသို့ ဝင်ရောက်ကာ ဘဏ်ဝန်ထမ်းများကို သေနတ် ၂ လက်ဖြင့် ချိန်ရွယ်၍ ငွေသွင်းကောင်တာမှ ငွေကျပ် ၅၃၁ သိန်းခန့်အား ၎င်းတို့ပါလာသည့် အမဲရောင် လက်ဆွဲအိတ်အတွင်းထည့်ပြီး လုယက်ယူဆောင်သွားခဲ့သည်။၎င်းနောက် ငွေသွင်း ကောင်တာပေါ်တွင် တိတ်အဝါရောင်ပတ်ထားသော လက်လုပ်မိုင်းဟု ယူဆရသည့် အရှည်၈လက်မ၊ အချင်း၂လက်မခွဲခန့်ရှိ အထုတ်တစ်ထုတ်ထားရှိကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး လက်လုပ်မိုင်းအား ညနေ ၃ နာရီခွဲခန့်တွင် သက်မဲ့ပြုလုပ်ခဲ့ကြောင်းနှင့် ငွေများယူဆောင် ထွက်ပြေးသွားသည့် အကြမ်းဖက်တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။