Dec 09, 2021
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု စိုက်ပျိုးရေးဆိုင်ရာပူးတွဲလုပ်ငန်းအဖွဲ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ သဘာပတိအဖြစ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာရဲတင့်ထွန်း က တာဝန်ယူဆောင်ရွက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး ဌာန၏ ဒုတိယညွှန်ကြား ရေးမှူးချုပ် Mr. WEI Zhenglin က ပူးတွဲသဘာပတိ အဖြစ် ဆောင်ရွက်သည်။
Dec 09, 2021
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက် ၇ နာရီက ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်းရှိ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်း မှု)၊ ရေဆိုးသန့်စင်စက်ရုံ၌ စက်ရုံတာဝန်ခံက ရေဆိုးသန့်စင် စက်ရုံ၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်နေမှုများ၊ လက်ရှိမိလ္လာရည်တွင် ဒြပ်ဝတ္ထုနှင့် ပိုးမွှားပါဝင်မှု၊ မူလရေဆိုး၏ အောက်ဆီဂျင်ပါဝင်မှု ပမာဏ (Biochemical Oxygen Demand - BOD) နှင့် အနည်အဖတ် (Suspended Solids - ss) ပါဝင်မှု၊ သန့်စင်ပြီးရေ အရည်အသွေးနှင့် အဖတ် Sludge ထွက်ရှိမှု၊ Sludge အား Sundried Tank တွင် အခြောက်ခံ၍ မြေဩဇာထုတ်လုပ်နေမှုနှင့် လက်တွေ့အသုံးပြု ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က ရေဆိုးတွင်ပါဝင်သည့် ဓာတုပစ္စည်းများကြောင့် ပန့်၊ ပိုက်လိုင်းနှင့် စက်ကိရိယာများ ပျက်စီးမှုအား ပြုပြင်ထိန်းသိမ်းကြံ့ခိုင်ရေး ဆောင်ရွက်ခြင်းနှင့် အစားထိုး လဲလှယ်တပ်ဆင် ခြင်းဆောင်ရွက်ရန်၊ ထွက်ရှိသည့် မြေဩဇာသည် အခြားဓာတ်မြေသြဇာ များထက် အရည်အသွေး ပိုမိုကောင်းမွန်သဖြင့် Mass Production ထုတ်လုပ် ဖြန့်ဖြူးရန် မှာကြားသည်။
Dec 09, 2021
နိုင်ငံတကာနှင့်အဂတိ
Dec 09, 2021
မုံရွာမြို့အတွင်း ဖောက်ခွဲဖျက်ဆီးရေးနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက် ခဲ့သည့် MHG အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သော သီဟ (ခ)သီဟအောင် (၃၀)နှစ်၊ အိတုံ(၁၉)နှစ်နှင့် သက်နိုင်းကိုကို(၂၂)နှစ်တို့ ၃ ဦးအား မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်၌ Bretta ပစ္စတို ၁ လက်၊ Sigsauer ပစ္စတို ၁ လက်၊ လက်လုပ်ပစ္စတို ၁ လက်၊ ပစ္စတိုကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၁၀ တောင့်၊ လက်လုပ်ဗုံး ၂ လုံး၊ လက်လုပ် သေနတ်ပြောင်း သံပိုက် ၄ ချောင်းတို့နှင့် အတူ ဖမ်းဆီးရမိခဲ့ပြီးဖြစ်သည်။
Dec 09, 2021
ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် ယနေ့တွင် အရှေ့တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များသည် ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ နယ်မြေခံတပ်၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံတပ်၏
Dec 09, 2021
စစ်တက္ကသိုလ်၏(၆၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းလတ်၊ စစ်တက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးကြီး သိန်းလွင်နှင့် စစ်တက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
Dec 09, 2021
CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက် လုပ်ငန်းများကို စတင်လုပ်ဆောင်ရန် စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့ပြီးနောက် အချို့ဒေသများတွင် အကြမ်းဖက်မှုလုပ်ရပ်များကို ဦးတည်လုပ်ဆောင်လျက်ရှိသည်။ ထို့သို့ အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ ဒေသခံပြည်သူများ၏ လမ်းပမ်းဆက်သွယ် ရေးနှင့် ကျန်းမာရေးကိစ္စရပ်များအပြင် ဘာသာရေးအရ ကိုးကွယ်ဆည်းကပ်လျက်ရှိသည့် ရဟန်းသံဃာများကိုပင် အကြမ်းဖက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို နိုင်ငံရေးလက်နက်သဖွယ် အသုံးချလုပ်ဆောင်လျက်ရှိသည်။
Dec 09, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘောဒီးယားဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General VONG PISEN နှင့်ယနေ့ညနေပိုင်းတွင် Video Conferen ဖြင့် တွေ့ဆုံဆွေးနွေးသည်။
Dec 09, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ် ကြီး မောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဦးလှမိုး၊ ဒေါက်တာ မျိုးသိန်းကျော်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့်တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ ရှေးဟောင်းတပ်မတော် ဧည့်ရိပ်သာများ ထိန်းသိမ်းထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုအားပေးသည်။
Dec 09, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေမှာ ဒီဇင်ဘာလ ၆ ရက်နေ့ညတွင် ဓာတ်ခွဲအတည်ပြုလူန၁သစ် ၂၃၁ ဦး တွေ့ရှိသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၁ ဒသမ ၃၇ ရာခိုင်နှုန်းရှိပြီး ပိုးတွေ့ မှုနှုန်း တစ်ရာခိုင်နှုန်းဝန်းကျင်သာ ရှိသည်။ ရောဂါဖြင့် ထပ်မံသေဆုံးသူ အရေအတွက်မှာလည်း ငါးဦးရှိသဖြင့် ကိုဗစ်ရောဂါနှင့်ပတ်သက်၍ အခြေအနေကောင်းသို့ ရောက်နေပြီဖြစ်သည်။
Dec 09, 2021
မြေကမ္ဘာတွင် လူသားတစ်ဦးအဖြစ် မွေးဖွားလာသူမှန်သမျှ တူမျှသော အခွင့်အရေးရရှိစေရေးနှင့် ကမ္ဘာသူကမ္ဘာသားလူသား တစ်ဦးအနေဖြင့် ပျော်ရွှင်စွာ ရှင်သန်နေထိုင်နိုင်ရေးတို့ကို ရည်သန် လျက်ကုလသမဂ္ဂက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို လွန်ခဲ့သည့် (၇၃) နှစ်က ထုတ်ပြန်ခဲ့သည်။ လူ့အခွင့်အရေးသည် နိုင်ငံတစ်ခုခု၏ နိုင်ငံသူနိုင်ငံသားအဖြစ် ရရှိသည့်အခွင့် အရေးမျိုးမဟုတ်ဘဲ လူသားတစ်ဦးအနေဖြင့် ရရှိသင့်သည့် အခွင့်အရေးပင်ဖြစ်သည်။
Dec 08, 2021
၂၀၂၂ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၈)၊ အရိန္ဒမာခန်းမ၌ ကျင်းပရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Dec 08, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံ မှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Dec 08, 2021
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
Dec 08, 2021
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့နယ်အတွင်း သမဝါယမ လုပ်ငန်းများ ပိုမိုအောင်မြင် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။
Dec 08, 2021
မိုးစပါး တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး၊ တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက် ရိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိ ဏသီရိမြို့နယ်၊ ညောင်ကုန်းကျေးရွာ၌ ကျင်းပသည်။
Dec 08, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မူဆယ် (၁၀၅) မိုင်ကုန် သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ ကုမ္ပဏီ(၇)ခု၊ ယာဉ်စီးရေ (၁၄)စီးဖြင့် အောက်စီဂျင်အရည် (Bowser)ယာဉ် (၄)စီးဖြင့်(၇၇)တန်နှင့် နှာခေါင်းစည်း (Mask) (၇၄)တန်တို့ကို တင်သွင်းခဲ့ကြောင်းသိရှိရပါသည်။ အောက်ဆီဂျင်အရည် (Bowser) ယာဉ် (၄)စီး အနက် (၂)စီးမှာ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ မန္တလေးမြို့သို့ဖြစ်ပြီး၊ ကျန်(၂)စီးမှာမြဝတီကုန်သွယ်ရေးဇုန်မှ မုံရွာမြို့နှင့် ရန်ကုန်မြို့များသို့ဖြစ်ကြောင်း သိရသည်။
Dec 08, 2021
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အစိုးရစက်မှု လက်မှုသိပ္ပံ (ပြင်ဦးလွင်) သို့ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဌာနတာဝန်ခံများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံသည်။
Dec 08, 2021
၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် လီဆူတိုင်းရင်းသား သမိုင်းကြောင်းစာအုပ်နှင့် လီဆူတိုင်းရင်းသား ဝတ်စုံလှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ကျင်းပသည်။
Dec 08, 2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ CITIC Group နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ လက်မှတ်ရေးထိုးသည့် Memorandum of Agreement လက်မှတ်ရေး ထိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေး ခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
