နေပြည်တော် ဒီဇင်ဘာ ၈
ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် ယနေ့တွင် အရှေ့တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များသည် ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ နယ်မြေခံတပ်၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံတပ်၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်းကောင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦးနှင့်အဖွဲ့ဝင်များသည် ချင်းပြည်နယ် ပလက်ဝမြို့ရှိ နယ်မြေခံတပ်၏ မွေးမြူထားရှိသော ဥစားကြက်မွေးမြူရေးလုပ်ငန်းနှင့် DYL ဝက်မွေးမြူရေးခြံတို့ကို လည်းကောင်း သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်