နေပြည်တော် ဒီဇင်ဘာ ၈
၂၀၂၂ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၈)၊ အရိန္ဒမာခန်းမ၌ ကျင်းပရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့ ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် “ယနေ့ကျင်းပသည့် အစည်းအ ဝေး သည် “၂၀၂၂ ခုနှစ် အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းရန်စိစစ်ရေးအဖွဲ့” အစည်းအဝေးဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို တည်ဆောက်ရာတွင် ကဏ္ဍပေါင်းစုံမှ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားစွာဖြင့် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ကြသည့် ပုဂ္ဂိုလ် များ၊ အမျိုးသားရေး မူဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာ၌ သက်စွန့် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သောနိုင်ငံတော် ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနှင့်အညီ ထူးခြားစွာ အားထုတ်ကြိုးပမ်းဆောင်ရွက် ခဲ့ကြသော ပုဂ္ဂိုလ်များ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့်အခြားသော ပညာရပ်တစ်ခုခုတွင် ကမ္ဘာ့ အဆင့်မီ အောင်မြင်စွာတီထွင်ဖန်တီး စွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမ ပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူ ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကိုလည်းကောင်း၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သောနိုင်ငံတော်ကို တည်ဆောက် ရာတွင်သက်ဆိုင်ရာကဏ္ဍ အလိုက်ရှေ့ဆောင် ရှေ့ ရွက်ပြုပြီးထူးချွန်စွာစွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်ကြသော ပုဂ္ဂိုလ်များနှင့် သက်ဆိုင်ရာပညာရပ်ဖြင့် နိုင်ငံတော်နှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုကြသောပုဂ္ဂိုလ်များကို စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်(၁၂)မျိုးကိုလည်းကောင်း ချီးမြှင့်အပ်နှင်းနိုင်ရေး “ပဏာမစိစစ် ရေးအဖွဲ့များ”နှင့် “စိစစ်ရေးအဖွဲ့”တို့က အဆင့်ဆင့်စိစစ်ပြီး ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်၊ လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက အမိန့်ကြော်ငြာစာထုတ်ပြန်၍ ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း။
၂၀၂၁ ခုနှစ်ကာလအတွင်း နိုင်ငံတော်ကို ထူးကဲစွာအကျိုးပြုသည့်ဂုဏ်ပြုချီးမြှင့် ထိုက်သူ လူပုဂ္ဂိုလ် များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများ ကို ဂုဏ်ထူးဆောင် ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်နိုင်ရေးအပြင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ယခုအစိုးရ တာဝန်ယူ ဆောင်ရွက်စဉ်ကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများအနက် မိမိ၏အသက် အန္တရာယ်ကို မငဲ့ကွက်ဘဲ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်များကို လည်းကောင်း၊ သက်ဆိုင်ရာကဏ္ဍ အလိုက် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသော နိုင်ငံ့ဝန် ထမ်းများကို စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူး ဆောင်တံဆိပ်များ ချီးမြှင့်နိုင်ရေးအတွက် ၂၀၀၉ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်၊ ၂၀၁၄ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ဆိုင်ရာ ပြဋ္ဌာန်းချက်ကို ဖြည့်စွက်ပြဋ္ဌာန်းချက် များနှင့်အညီ စိစစ်ဆောင်ရွက်သွား မည်ဖြစ်ပြီး ယခုပြုလုပ်သည့် စိစစ်ရေးအဖွဲ့အစည်းအဝေးက ထပ်မံစိစစ်ပြီးအစည်းအဝေး ဆုံးဖြတ်ချက် များနှင့်အညီ ဂုဏ်ပြုချီးမြှင့်နိုင်ရေး ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးသို့ ဆက်လက်တင်ပြ သွားမည်ဖြစ်ကြောင်း။
ထို့အတူသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များနှင့်စပ်လျဉ်း၍ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များနှင့် နိုင်ငံခြားသံရုံးများမှ စိစစ်ပေးပို့ လာသော ရဟန်း၊ သီလရှင်၊ ဥပါသကာ လူပုဂ္ဂိုလ်များအား ဆက်ကပ်လှူဒါန်းနိုင်ရေး အတွက် “သာသနာ တော်ဆိုင် ရာဘွဲ့ တံဆိပ်တော် ဆက်ကပ်အပ်နှင်းရေးဆိုင်ရာ စိစစ်ရေးအဖွဲ့” ကစိစစ်ပြီး တင်ပြလာမှု အပေါ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းခြင်း ဂုဏ်အင်္ဂါအရည်အချင်း သတ်မှတ်ချက် များနှင့်အညီ ဝိုင်းဝန်းစိစစ်ပြီး ၂၀၂၂ ခုနှစ်တွင် ဆက်ကပ်လှူဒါန်းချီးမြှင့်နိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ ဆက်လက်တင်ပြ သွားမည် ဖြစ်ကြောင်း။
နှစ်စဉ်ဇန်နဝါရီလ(၄)ရက်၊ လွတ်လပ်ရေးနေ့တွင် ချီးမြှင့်အပ်နှင်းလျက်ရှိသော ဂုဏ်ထူးဆောင် ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာနနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ ပဏာမစိစစ်ပြီး တင်ပြလာသည့် ချီးမြှင့် သင့် ချီးမြှင့်ထိုက်သော ရဟန်းတော်များ၊ သီလရှင်များ၊ တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်း များနှင့် ရရှိသင့်ရရှိထိုက်သော ပုဂ္ဂိုလ်များမကျန်ရှိစေရေးနှင့် ထိုသို့ချီးမြှင့်အပ်နှင်းခံရမည့် ပုဂ္ဂိုလ်များ၏ အရည်အချင်းမှာ သားစဉ်မြေးဆက်ဂုဏ်ယူ ဝံ့ကြွားနိုင်သော ထိုက်တန်သည့် စွမ်းဆောင်ရည် များကိုသာ ချီးမြှင့်ခြင်းမျိုးဖြစ်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေး ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက်ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ဗိုလ်ချုပ်စိုးတင့်နိုင် က ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည် သတ္တိနှင့် စွမ်းဆောင်မှုဂုဏ်ထူးဆောင်တံဆိပ်များ၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူး ဆောင်တံဆိပ် (၁၂)မျိုး၊ တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူး ဆောင်တံဆိပ်များ၊ သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်တို့ကို ချီးမြှင့်ဆက်ကပ်နိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖြည့်စွက် ရှင်းလင်း တင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ချုပ်က ဖြည့်စွက်မှာကြားသည်။
ယင်းနောက် ၂၀၂၂ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့ နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)