Skip to main content

ရန်ကုန်မြို့ ရေဆိုးသန့်စင်မှုစနစ်နှင့် မြေဩဇာထုတ်လုပ်မှုလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကြည့်ရှုစစ်ဆေး

ရန်ကုန်    ဒီဇင်ဘာ   ၈

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက် ၇ နာရီက ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်းရှိ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်း မှု)၊ ရေဆိုးသန့်စင်စက်ရုံ၌ စက်ရုံတာဝန်ခံက ရေဆိုးသန့်စင် စက်ရုံ၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်နေမှုများ၊ လက်ရှိမိလ္လာရည်တွင် ဒြပ်ဝတ္ထုနှင့် ပိုးမွှားပါဝင်မှု၊ မူလရေဆိုး၏ အောက်ဆီဂျင်ပါဝင်မှု ပမာဏ (Biochemical Oxygen Demand - BOD) နှင့် အနည်အဖတ် (Suspended Solids - ss) ပါဝင်မှု၊ သန့်စင်ပြီးရေ အရည်အသွေးနှင့် အဖတ် Sludge ထွက်ရှိမှု၊ Sludge အား Sundried Tank တွင် အခြောက်ခံ၍ မြေဩဇာထုတ်လုပ်နေမှုနှင့် လက်တွေ့အသုံးပြု ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က ရေဆိုးတွင်ပါဝင်သည့် ဓာတုပစ္စည်းများကြောင့် ပန့်၊ ပိုက်လိုင်းနှင့် စက်ကိရိယာများ ပျက်စီးမှုအား ပြုပြင်ထိန်းသိမ်းကြံ့ခိုင်ရေး ဆောင်ရွက်ခြင်းနှင့် အစားထိုး လဲလှယ်တပ်ဆင် ခြင်းဆောင်ရွက်ရန်၊ ထွက်ရှိသည့် မြေဩဇာသည် အခြားဓာတ်မြေသြဇာ များထက် အရည်အသွေး ပိုမိုကောင်းမွန်သဖြင့် Mass Production ထုတ်လုပ် ဖြန့်ဖြူးရန် မှာကြားသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရေဆိုးသန့်စင်စက်ရုံအတွင်း ရေဆိုးသန့်စင်မှုစနစ်၊ သန့်စင် ပြီးရေဆိုးအား ရန်ကုန်မြစ်အတွင်း စွန့်ထုတ်မှုစနစ်၊ ကြွင်းကျန်သည့် အနည်အဖတ် များမှ မြေဩဇာထုတ်လုပ်မှုစနစ်၊ ဓာတ်ခွဲခန်းတွင် စစ်ဆေးတိုင်းတာသည့် စနစ်များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ EM Bokashi မြေဩဇာထုတ်လုပ်နေမှုကို ကြည့်ရှု စစ်ဆေးပြီး (အပေါ်ပုံ) လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။

သတင်းစဉ်