Skip to main content

ဘုတ်ပြင်း၊ ပြင်ဦးလွင်၊ ချမ်းမြသာစည်၊ မြစ်ကြီးနားနှင့် ကျောက်မဲမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ဒီဇင်ဘာ  ၃၁

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီက ဘုတ်ပြင်းမြို့နယ် ဘန်ဂလားကျေးရွာအုပ်စု ဘန်ဂလားကျေးရွာအနီးတွင် သန်းစိုး မောင်းနှင်လာ သည့် ဆိုင်ကယ်ကို ရပ်တန့်  စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၁၃ ပြားနှင့် အိုက်စ်  သုည ဒသမ ၀၁၆ ကီလို တို့ကို လည်းကောင်း။

ယင်းနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ် မိုးကြိုးကျေးရွာအုပ်စု မိုးကြိုးကျေးရွာရှိ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ကျော်ဆန်းဦး မောင်းနှင်ပြီး မြင့်စိုး လိုက်ပါလာသည့် မတ်တူးအမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းရှိ ဆာလာအိတ်များအတွင်းမှ ဘိန်းဖြူ ဒသမ ကီလိုသိမ်းဆည်းရမိခဲ့ကြောင်းနှင့် ကွင်းဆက်အရ မွန်းလွဲ နာရီခွဲတွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် အမှတ်ဖဖ /၉၄()နေ ကိုသူ()မြင့်သူ ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ  ၎င်းနှင့်အတူဇနီးဖြစ်သူ မအေးဆိုင်မွမ်း ()သီရိခိုင်အား တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀ နှင့် မြန်မာငွေကျပ် ၁၀၀၀၀၀ တို့အား ထပ်မံသိမ်း ဆည်းရမိခဲ့ကြောင်း၊ ထို့နောက် စစ်ဆေးပေါ်ပေါက်ချက်အရ ပူးပေါင်းအဖွဲ့က ညနေ နာရီ ၄၅ မိနစ်တွင် မြစ်ကြီးနားမြို့ မြို့မရပ်ကွက် ဈေးကြီးလမ်း၌ သန်းတိုးဝင်း() သန်းတိုးနှင့် ဉာဏ်မင်းတို့အား ဘိန်းဖြူ ၂ဒသမ ကီလို၊ HYUNDAI STAREX အမျိုးအစား မော်တော်ယာဉ်  တစ်စီးနှင့်အတူ လည်းကောင်း။

အလားတူ ဒီဇင်ဘာ ၃၀ ရက် နံနက် နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်မဲမြို့ နယ် မန္တလေး - မူဆယ်သွား ကားလမ်း မိုင်တိုင်အမှတ်(၁၁၀/) တွင် စိုင်းရွှေဝင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ တို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ နာရီ ခွဲတွင် ပူးပေါင်းအဖွဲ့သည် အဆိုပါနေရာတွင် ဝင်းဆန်းဦး() မိုဟာမက် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။

ရဲပြန်ကြား