Skip to main content

တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၁

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ဒီဇင်ဘာ ၃၁ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ID No.100192145540 (23.12.2021) ကုန်သေတ္တာအမှတ် TEMU-3911040 (1x40) ဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသော Motorcycle Spare Part ကို စစ်ဆေးခဲ့ရာ Import Declaration (ID) တွင် ကြေညာထားခြင်းမရှိသည့် Motorcycle Spare Parts item (10)မျိုး၊ (97029)U, (5050)Kg ခန့်မှန်းတန်ဖိုးငွေကျပ် (၁၀၅ ဒသမ ၂၁၅) သန်းကို လည်းကောင်း၊ Network Camera Recorder (46)U ခန့်မှန်းတန်ဖိုးငွေကျပ် (၂၂ ဒသမ ၅၆) သန်းခန့်ကိုလည်းကောင်း အမှုတွဲဖွင့်လှစ် အရေးယူ ဆောင်ရွက်ခဲ့သည်။

ထို့အတူ ဒီဇင်ဘာ ၃၀ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ID No, 100191620541 (19.12.2021) ကုန်သေတ္တာအမှတ် ZCSU-T243403 (1x40’) ဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသော ကုန်ပစ္စည်း Item (၅) မျိုးကိုစစ်ဆေးခဲ့ရာ Item (1) Induction Cooker (၁) မျိုးသာ မှန်ကန်မှုရှိပြီး ကျန် Item (၄) မျိုးမှာ ပါရှိလာခြင်းမရှိပေ။ ID တွင် ကြေညာထားခြင်း မရှိသော လူသုံးကုန်ပစ္စည်း Item (၄) မျိုး၊ ခန့်မှန်းတန်ဖိုးငွေကျပ် (၆၈ ဒသမ ၄) သန်းခန့်ကို လည်းကောင်း၊ Chemical ပစ္စည်း Item (၂) မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် (၆ ဒသမ ၃၅) သန်းခန့်ကိုလည်းကောင်း အမှုတွဲဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့သည်။

အလားတူ ယင်းနေ့တွင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ID No. 100191619621 (19.12.2021) ကုန်သေတ္တာအမှတ် ZC5U-T784408 (1x40') ဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသော ကုန်ပစ္စည်း Item (8) မျိုးကို စစ်ဆေးခဲ့ရာ ID တွင် ကြေညာထားသည့် Item (2) Racking System တစ်မျိုးသာ ကိုက်ညီမှန်ကန်မှုရှိသည်။ ကျန် Item (၇) မျိုးမှာ ပါရှိ လာခြင်းမရှိပေ။ ID တွင် ကြေညာထားခြင်းမရှိသည့် Chemical ပစ္စည်း Item (၆) မျိုး၊ ခန့်မှန်းတန်ဖိုးငွေ ကျပ် ( ဒသမ ၆၈၂) သန်းခန့်ကိုလည်းကောင်း၊ အလှကုန်ပစ္စည်း Item (၁၁) မျိုး၊ ခန့်မှန်းတန်ဖိုးငွေကျပ် (၁၉ ဒသမ ၀၃) သန်းခန့်ကိုလည်းကောင်း၊ လူသုံးကုန်ပစ္စည်း Item (၃) မျိုးခန့်မှန်းတန်ဖိုးငွေကျပ် (၅၉ ဒသမ ၈၁) သန်း ခန့်ကိုလည်းကောင်း၊ အဝတ်အထည် ဟောင်း Item (၃) မျိုး၊ ခန့်မှန်းတန်ဖိုးငွေကျပ် (၁၀ ဒသမ ၅) သန်း ခန့်ကိုလည်းကောင်း အမှုတွဲ ဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့သည်။

ထို့အတူ ယင်းနေ့တွင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ID No. 100191618661 (19.12.2021) ကုန်သေတ္တာအမှတ် JXLU-6640509 (1x40’) ဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသော ကုန်ပစ္စည်း Item (၁၁)မျိုးကို စစ်ဆေးခဲ့ရာ ID တွင် ကြေညာထားသည့် Item (၇) မျိုးသာ ကိုက်ညီမှန်ကန်မှုရှိပြီး ကျန် item (၄) မျိုး ပါရှိခြင်း မရှိပေ။ ID တွင် ကြေညာထားခြင်းမရှိသည့် Chemical ပစ္စည်း Item (၂) မျိုး၊ ခန့်မှန်းတန်ဖိုးငွေကျပ် (၃ ဒသမ ၁၁၅) သန်းခန့်ကိုလည်းကောင်း၊ Phone Battery Item (၇) မျိုး၊ ခန့်မှန်းတန်ဖိုးငွေကျပ် (၂၅ ဒသမ ၄၃) သန်းခန့်ကိုလည်းကောင်း၊ အလှကုန်ပစ္စည်း Item (၆) မျိုးခန့်မှန်း တန်ဖိုးငွေကျပ် (၁၁ ဒသမ ၅၄) သန်းခန့်ကိုလည်းကောင်း၊ စားသောက်ကုန် Item (၄) မျိုးခန့်မှန်းတန်ဖိုးငွေကျပ် (၄ ဒသမ ၃၆) သန်းခန့်ကိုလည်းကောင်း၊ လူသုံးကုန်ပစ္စည်း Item (၅) မျိုး၊ ခန့်မှန်းတန်ဖိုးငွေကျပ် (၄ ဒသမ ၃၆၂) သန်းခန့်ကိုလည်းကောင်း အမှုတွဲဖွင့်လှစ် အရေးယူ ဆောင်ရွက်ခဲ့သည်။

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၃၁ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ဖမ်းဆီးရမိမှု (၁) မှု၊ စုစုပေါင်းခန့်မှန်းတန်ဖိုးမှာ ငွေကျပ် (၁၂၇ ဒသမ ၇၇၅) သန်းခန့်နှင့် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ဖမ်းဆီးရမိမှု (၃) မှု၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် (၂၁၈ ဒသမ ၅၈၁) သန်း ခန့်တို့ဖြစ်၍ ဖမ်းဆီးရမိမှ စုစုပေါင်း (၄) မှု၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးမှာ ငွေကျပ် (၃၄၆ ဒသမ ၃၅၆) သန်းခန့်ဖြစ်သည်။ အဆိုပါ ဖမ်းဆီးရမိမှု (၄) မှုနှင့်ပတ်သက်၍ အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)