Skip to main content

Jul 17, 2021

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာနိုင်ငံ၏သမိုင်းတွင် သွေးစွန်းခဲ့သည့်နေ့ဖြစ်သည်။ နိုင်ငံနှင့် လူမျိုးတို့ သူ့ကျွန်ဘ၀မှ လွတ်မြောက်ရေးကြိုးပမ်းမှုများကို အကြမ်းဖက်လူသတ်ဝါဒက ယုတ်မာရက်စက်စွာ အစွမ်းကုန် ဖျက်ဆီးခဲ့သောနေ့လည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင် ကြီးများ ကျဆုံးခဲ့ရချိန်တွင် ၎င်းတို့၏ အသက်အရွယ်များကို ကြည့်ပါက ငယ်ရွယ်သူများဖြစ်ပြီး နိုင်ငံအတွက် ကာလကြာရှည် စွာ တာဝန်ထမ်းရွက်နိုင် သေးသည့် လူငယ်လူရွယ်များသာ ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2021

၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် (၇၄) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ယနေ့အခါ နှစ်ပေါင်း ၇၀ ကျော်ရှိခဲ့ပြီဖြစ်သော်လည်း ယနေ့ထက် တိုင်အောင် မမေ့နိုင်သည့် အကြောင်းရင်း အဖုံဖုံတို့တွင် မသမာသူအကြမ်းဖက်သမား လူသတ်သမားများ၏ ရက်စက်ကြမ်းကြုတ်မှုသည် အာဇာနည်ဖြစ်လာရခြင်း အကြောင်းရင်း ခံဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2021

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက် များအား သုံးသပ်အကဲဖြတ်ရေးအဖွဲ့(Monitoring and Evaluation Team) ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းရန်နှင့် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲသတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအစည်းအဝးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2021

ကိုဗစ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်း ကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2021

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်းဒေါက်တာလင်းထွဋ်နှင့်တာဝန်ရှိသူများ၏ ဆောင်ရွက်မှု များတွင် အဂတိလိုက်စားမှုများရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေး အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2021

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းနှင့် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တို့သည် ယနေ့ နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာကြည့်တိုက်ကို ကြည်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2021

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ သတ်မှတ်မြေနေရာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2021

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်အတွင်း coVID-19 ရောဂါဖြစ်ပွားမှု နေ့စဉ်မြင့်တက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူများကို Quarantine Centre အဖြစ် တောင်ညီနောင် အနီး၌ ကွန်တိန်နာ အလုံး ၂၀၀ ဖြင့် ဆောက်လုပ်နေရာချထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2021

မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့များနှင့် မြန်မာ့လူမှု ဘဝ၊ မြန်မာ့သမိုင်းဆိုင်ရာ ဝတ္ထု၊ ကဗျာ၊ ပြဇာတ် များစွာကို ရေးသားပြုစုခဲ့သည့် စာရေးဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်းသည် ဇူလိုင်လ ၁၅ ရက်တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2021

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစား ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ Virtual ပုံစံဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2021

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြီးမှူးဖွင့်လှစ်မည့် သတင်းမီဒီယာ သမားများ အရည်အသွေး မြှင့်တင်ရေးသင်တန်းကို မူလက ဇူလိုင် ၂၀ ရက်တွင်စတင်ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း ကိုဗစ် - ၁၉ ရောဂါ

ဆက်လက်ဖတ်ရှုရန်

Jul 16, 2021

ဇွန်၁ ရက်ကမန္တလေးတိုင်းဒေသကြီး (ပြည်ထောင် စုနယ်မြေမပါ) မြို့နယ် ၂၈ မြို့နယ်က မဲစာရင်း ရလဒ်တွေကို ရွေးကောက်ပွဲကော်မရှင်က သတင်း ထုတ်ပြန်ခဲ့ပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ NLD ပါတီတို့က သူတို့ပါတီတစ်ခုသာ ရွေးကောက် ပွဲအနိုင်ရစေဖို့၊ နိုင်ငံတော်အာဏာကို ရယူနိုင်ဖို့ ဥပဒေတွေကို ကျော်လွန်ဖောက်ဖျက်ကာ ကြိုတင် ကြံစည်ခဲ့တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဇွန်လအအတွင်း ရွေးကောက်ပွဲကော်မရှင်ကနေ ရှမ်းပြည်နယ် ကွန်ဟိန်း၊ မိုင်းရှူး၊ မောက်မယ်၊ မိုင်းပန်၊ နမ္မတူ၊ နမ့်ဆန်နဲ့ မန်တုံမြို့နယ်၊ ကချင်ပြည်နယ် ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်အပါအဝင် မြို့နယ် ၂၈ မြို့နယ်၊ ချင်းပြည်နယ်ရှိ မြို့နယ် ကိုးမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် ၁၀ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၇ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၊ ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၄၉ မြို့နယ်တို့ရဲ့ မဲစာရင်းတွေနဲ့ မဲပေးမှုအခြေအနေတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်နိုင်ခဲ့ပြီး မဲမသမာမှုတွေ၊ ကြိုတင်ကြံစည် ဆောင်ရွက်ထားမှုတွေ၊ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံး ဆောင်ရွက်မှုတွေကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2021

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲများတွင် ပြောခဲ့ သည့် NLD ပါတီ ဖျက်သိမ်းမည်ဆိုသည့်သတင်းများ မှာ ပြန့်လွန်းအားကြီးနေကြောင်း၊ ကော်မရှင်အနေဖြင့် ထိုသို့ဖျက်သိမ်းမည့် အခြေအနေအထိ ရောက် မရောက်နှင့် အထောက်အထားများကို ရှင်းပြပေးစေ လိုကြောင်း မေးမြန်းသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2021

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်မှ မန္တလေးမြို့သို့ သယ်ဆောင်မည့် ငွေကျပ် ၃၂ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန် ၁,၆၀၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2021

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ဆောင်သူများနှင့် NLD ပါတီဝင်များ၊ ၎င်းပါတီအား ထောက်ခံအားပေးသူများ အနေဖြင့် အချို့မြို့ကြီးများ၌ အစိုးရ၏ အုပ်ချုပ်မှုယန္တရားကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ သတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများအပါအဝင် အစိုးရပိုင် အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်းများနှင့် ဖောက်ခွဲဖျက်ဆီးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု များပြားနေသည့် ယခုကာလ အတွင်း၌လည်း ပြည်သူများ ပိုမိုအထိတ်တလန့် ဖြစ်စေရန်အတွက် ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များအား ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2021

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အဖွဲ့များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ နည်းလမ်းမျိုးစုံ အသုံးပြုကာ အဖျက်အမှောင့် လုပ်ငန်းများနှင့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လျက်ရှိသည်။ CRPH နှင့် NUG အဖွဲ့တို့၏ စေခိုင်းမှုဖြင့် ဆူပူအကြမ်းဖက် လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်များ၊ ၎င်းပါတီအား ထောက်ခံအားပေးသူများသည် အချို့ မြို့ကြီးများ၌ အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ သတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများအပါအဝင် အစိုးရပိုင် အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း စသည့် ဖောက်ခွဲရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူပြီး ဖော်ထုတ် ဖမ်းဆီးနိုင်ရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2021

ကိုဗစ်-၁၉ကပ်ရောဂါသည် အရှိန်အဟုန်ကောင်းနေသည်။ ဇူလိုင် ၁၄ရက်ကရောဂါ ကူးစက်ဖြစ်ပွားမှုတွင် ဓာတ်ခွဲစစ်ဆေး အတည်ပြုပိုးတွေ့လူနာ ခုနစ်ထောင်ကျော် ရှိပြီး သေဆုံးလူနာ ၁၅၀ ခန့်ဖြင့် လွန်ခဲ့သည့်နေ့ထက် နှစ်ဆတိုး ဖြစ်ပေါ်ခဲ့သည်။ ယင်းအခြေအနေသည် ဆေးရုံတက် စစ်ဆေးကုသမှု အခြေအနေဖြစ်ပြီး ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ရောဂါရှိသည်ဖြစ်စေ၊ တစ်စုံတစ်ရာ သံသယရှိလျှင်ဖြစ်စေ ဆေးရုံသို့ ရောက်မလာနိုင်ဘဲ ရောဂါဖြစ်ပွား၊ သေဆုံးနေကြသူများမှာ ယခုထက်ပင် ပိုမိုများပြားမည်ဟု ခန့်မှန်းရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2021

ကိုဗစ်-၁၉ ကပ်ရောဂါက မျိုးရိုးဗီဇပြောင်းလဲသည့် ဗိုင်းရပ်စ် ပုံစံဖြင့် ဂင်ရောက်လာခဲ့သော တတိယလှိုင်း ရိုက်ခတ်မှုမှာ လွန်စွာ ပြင်းထန်လှသည်။ မူလကိုဗစ်-၁၉ ထက် အဆများစွာ ပြင်းထန်လာပြီ ဖြစ်သော ရောဂါပိုးသည် ကြီးငယ်ရွယ်လတ်၊ ဆင်းရဲချမ်းသာ၊ ဘာသာ လူမျိုးမရွေးမည် သူ့ကိုမဆိုအသက်ဘေးအန္တရာယ် ကျရောက်စေသည် အထိ ဒုက္ခပေးနိုင်သည်။ နေ့စဉ်ရောဂါ ကူးစက်ခံရသူ အရေအတွက် ဆေးရုံတက်ရသူနှင့် သေဆုံးသူတို့အရေအတွက်များ မြင့်တက်လာသည်မှာ ဂရပ်ဇယားများတွင်ကြည့်ပါက အချိန်တိုအတွင်း မိုးပေါ်သို့ ထောင်တက်နေသည်ကို ကြောက်စရာ ကောင်းအောင် တွေ့မြင်ရ သည်။

ဆက်လက်ဖတ်ရှုရန်