Skip to main content

နယ်စပ်ရေးရာဝန်ကြီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်း၌ သင်တန်းဆင်းပွဲများကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၁

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်း၌ ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများဖြစ်သော စီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ်(၇၅)၊ အဆင့်မြင့် စက်ချုပ်နည်းပြသင်တန်း အမှတ်စဉ်(၃၉)၊ စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ် (၁၀၉) သင်တန်းဆင်းပွဲများ အခမ်းအနား ကို ယနေ့နံနက် ၈ နာရီခွဲက သင်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦး တက်ရောက်၍ သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့ပြီး သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။ သင်တန်းဆင်းပွဲများ အခမ်းအနားကို ဦးစီးဌာနမှ တာဝန်ရှိသူ များနှင့် သင်တန်းသား သင်တန်းသူ ၁၅ဝ တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဗဟိုလေ့ကျင့်ရေး ကျောင်း၌ အဆိုပါ သင်တန်းများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ဇန်နဝါရီ ၂၁ ရက်ထိ ရက်သတ္တ ၁၂ ပတ်ကြာ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်