Skip to main content

ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော် ဇန်နဝါရီ ၂၁

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

၂၂-၁-၂၀၂၂ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ ၅၄၊ အမှတ် ၄ ၌ ဆင်ခြင်ဉာဏ် မရှိဘဲဆောင်ရွက်သော အမှုကိစ္စများတွင် ဒုက္ခများနှင့် ကြုံရတတ်ပုံအကြောင်း ရေးဖွဲ့ထားသည့် “ဆင်ခြင်ဉာဏ်” မျက်နှာဖုံးကာတွန်းယဉ်ကျေးမှု အလွှမ်းမိုးဆုံး နိုင်ငံနှစ်နိုင်ငံအကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် “ယဉ်ကျေးမှု အလွှမ်းမိုးဆုံး ကမ္ဘာ့နှစ်နိုင်ငံ” သုတဆောင်းပါး၊ ကလေးတို့ ကိုယ်တိုင်ပါဝင် ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍ၊ အချင်းချင်း မတွက်ကတ်တော့ဘဲ ခြံတံခါး ပိတ်တော့မည်ဆိုသောဝေဝေနှင့် ဆွေဆွေတို့ ညီအစ်မနှစ်ယောက်အကြောင်းရေးဖွဲ့ထားသည့် “မတွက်ကတ်တော့ပါ” နှစ်မျက်နှာကာတွန်း၊ မိမိရိုးဂုဏ်ကြောင့် ရရှိသော ဆုကြေးငွေကို လက်ခံလိုက်သော မောင်မောင်အကြောင်း ရေးဖွဲ့ထားသည့် “ရိုးဂုဏ်ဘဝထာဝစဉ်လှ” ဝတ္ထုကဏ္ဍ၊ ဖြတ်ထိုးဉာဏ်ကောင်း သော ဖြိုးရဲအကြောင်း တင်ဆက် ထားသည့် “ဖြိုးရဲ၏ ဖြတ်ထိုးဉာဏ် တစ်မျက်နှာကာတွန်း၊ လောကတွင် မည်သည့်အရာမျှမမြဲ ဆိုသည့်အချက်နှင့် အမြဲစိတ်ရှည်တတ်ရမည်ဟူသော ခံယူချက်ကို ထားတတ်ရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “ပညာရှိ ကြက်တူရွေး” ပုံပြင်ကဏ္ဍ အပါအဝင် ဉာဏ်စမ်းကဏ္ဍ၊ အင်္ဂလိပ်စကားဝိုင်းကဏ္ဍနှင့် ကဗျာကဏ္ဍ စုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၃၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်း ဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်