Skip to main content

လူမျိုးမရွေး ဘာသာမရွေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

နေပြည်တော် ဇန်နဝါရီ ၂၁

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံ ရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် (၁၂) နှစ်အထက် အခြေခံ ပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၀ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ မြို့နယ် ၁၁ မြို့နယ်၌ ဒေသခံပြည်သူ ၂၁၄၆ ဦး၊ ရှမ်း ပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ မြို့နယ်သုံးမြို့နယ်၌ ဒေသခံ ပြည်သူ ၂၅၉၇ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်၌ ဒေသခံပြည်သူ ၂၀၄၇ ဦး၊ တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ ဒေသခံပြည်သူ၁၁၅၀၊ရန်ကုန်တိုင်းဒေသ ကြီး တာမွေမြို့နယ်၌ ဒေသခံ ပြည်သူ ၃၉၇ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၂၂၉၆၁ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ငါးမြို့နယ်၌ ဒေသခံ ပြည်သူ ၇၄၅၂၅ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့၌ ဒေသခံ ပြည်သူ ၁၂၆၇ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခု၌ ဒေသခံပြည်သူ ၇၄၂၅ ဦးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် သုံးမြို့နယ်၌ ဒေသခံ ပြည်သူ၆၂၀ တို့ကို တပ်မတော်မှဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့သည်။

ထို့အတူ ကျောင်းသားကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီ ၂၀ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ် ငါးမြို့နယ်၌ ကျောင်းသား ကျောင်းသူ ၃၀၀၆ ဦး၊ ရှမ်းပြည် နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၌ ကျောင်းသားကျောင်းသူ ၉၄၂ ဦးနှင့် ဧရာဝတီ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၅၅၆ ဦး တို့ကို တပ်မတော်မှဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သတင်း ရရှိသည်။

သတင်းစဉ်