Mar 09, 2022
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် ယမန်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ဆောက်လျက်ရှိသော Myanmar Center for Disease Control and Training Center for Medical Staff (Myanmar CDC) တည်ဆောက်ရေးစီမံကိန်းနေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Mar 09, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mrs. Suphatra Srimaitreephithak အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 09, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Mar 09, 2022
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့်အတူ ယနေ့ညနေပိုင်းတွင် ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စီမံဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Mar 09, 2022
တက္ကသိုလ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Mar 09, 2022
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်သည် မတ် (၇) ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ရွှေအင်းသား ဟိုတယ်၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကလောမြို့ ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
Mar 09, 2022
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဒသမအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် (၈)နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
Mar 09, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲနှင့် အမျိုးသားပြတိုက်(ရန်ကုန်) တို့ပူးပေါင်း၍ “ရှေးဟောင်းသုတေသန၊ ပြတိုက်နှင့် ထိန်းသိမ်းရေးဆိုင်ရာ စာတမ်းဖတ်ပွဲ”ကို အမျိုးသားပြတိုက်(ရန်ကုန်)၊ ဘက်စုံခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
Mar 09, 2022
ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
Mar 09, 2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များအား စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံး(လားရှိုး)ခန်းမဆောင်၌ ပြုလုပ်ရာ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
Mar 09, 2022
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ ဒသမ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော် အရှင်မြတ်တို့ဘုရား -
Mar 09, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ မတ် ၇ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၃၂ ဦးတို့ကို လက်ခံခဲ့ကြသည်။
Mar 09, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရွေဘိုမြို့ နယ်မြေခံတပ်၊ တပ်နယ်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို တွေ့ဆုံမှာကြားပြီး စားသောက်ဖွယ်ရာများကို ပေးအပ်သည်။
Mar 09, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စစ်ဆူဖတ်ထရာ ဆရီမိုင်း သရီဖိတပ်အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Mar 09, 2022
အိန္ဒိယနိုင်ငံ Visakhapatnam မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ဒေသတွင်းရေတပ်များ တွေ့ဆုံပွဲ (MILAN2022) အခမ်းအနားသို့ တက်ရောက်ခဲ့သည့် တပ်မတော်(ရေ)မှ ဓညဝတီရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထူး ဦးဆောင်သော အရာရှိ၊ စစ်သည်များပါဝင်သည့် စစ်ရေယာဉ် (ဆင်ဖြူရှင်)သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့ ပြန်လည်ရောက်ရှိရာ အလယ်ပိုင်းရေတပ်ကွပ်ကဲမှု ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။
Mar 09, 2022
မြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ပြီး ယဉ်ကျေးမှုအနုပညာများ ဖလှယ်နိုင်ရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှုးရုံးမှ ဗိုလ်မှူးချုပ် ရဲရင့်အောင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ယဉ်ကျေးမှု အနုပညာအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသည်။
Mar 09, 2022
CRPH၊ NUG နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထု အထိတ်တလန့် ဖြစ်စေရန်အတွက် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများနှင့် ဆရာတော်၊ သံဃာတော်များပါမကျန် လုပ်ကြံသတ်ဖြတ်ခြင်း၊ မြို့ရွာများတွင် တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများအပေါ် အကြမ်းဖက်အဖွဲ့များက စာသင်ကျောင်းများအား မိုင်းထောင် ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို အသိတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။
Mar 09, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဒသမအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
