Skip to main content

လားရှိုးမြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် လားရှိုးမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး(ခုတင်-၅၀၀)ရှိ ကျန်းမာရေး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်  မတ်  ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များအား စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံး(လားရှိုး)ခန်းမဆောင်၌ ပြုလုပ်ရာ   အရှေ့မြောက် တိုင်းစစ်ဌာနချုပ်   တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ညှိနှိုင်းဆောင်ရွက်ပေး

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက လုံခြုံရေး ဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများ နှင့်   ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထောက်ပံ့ပေးအပ်

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက လားရှိုးမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး (ခုတင်-၅၀၀)ရှိ  ကျန်းမာရေး ဝန်ထမ်းများအား သွားရောက်တွေ့ဆုံ အမှာစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့်    ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါ ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား အာဟာရဒါနကျွေးမွေးလျက်ရှိသည့် အခမဲ့အာဟာရ ကျွေးမွေးရေး အဖွဲ့သို့ အလှူငွေများ ပေးအပ်လှူဒါန်းပြီး တစ်နေ့လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၂၄ လုံး   ထုတ်လုပ်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံ ထုတ်လုပ်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။  

သတင်းစဉ်