နေပြည်တော် မတ် ၈
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စစ်ဆူဖတ်ထရာ ဆရီမိုင်း သရီဖိတပ်အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံ အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများကို ပြန်လည် သုံးသပ်ကြပြီး နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုတိုးမြှင့်ရေး၊ နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး၊ ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ရေးနှင့် ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်