နေပြည်တော် မတ် ၈
ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၆ ရက် မွန်းလွဲ၁၂ နာရီခွဲတွင် သတင်းအရ ပြည်ကြီးတံခွန်မြို့နယ် ၆၁ လမ်း နှင့် ၆၂ လမ်းကြား ၁၃၄ လမ်းတွင် တင်ဝင်း(၅၅)နှစ် မောင်းနှင်သည့် NISSAN ၁၂ ဘီး မော်တော်ယာဉ်ကို စောင့်ကြည့်နေစဉ် အိုက်စံ(ခ) ဝင်းဆိုင်(ခ) အားရှန်(၃၃)နှစ်နှင့် ရော်ကျိန်းရန် (ခ) အားနွိုက်(၃၂) နှစ်တို့ ဆိုင်ကယ်ဖြင့် ထပ်မံ ရောက်ရှိလာသဖြင့် ၎င်းတို့ကို ထိန်းသိမ်းပြီး ၁၂ ဘီး မော်တော် ယာဉ်ကို ရှာဖွေခဲ့ရာ ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀ ဒသမ ၃ သိန်း၊ ဘိန်းဖြူ ၆ ဒသမ ၆ ကီလို နှင့် ဘိန်းဆီခဲ ၆၂ ဒသမ ၄ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း စစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မြောက်ပိုင်းမှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ပြီး အိုက်စံနှင့် ရော်ကျိန်းရန်တို့သည် မန္တလေးတွင် လက်ခံသူများ ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကိုဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်