နေပြည်တော် သြဂုတ် ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် အောင်ဇေယျ ၁၄/၁၅ ရပ်ကွက်ရှိ ထီလာဘုန်းတော်ကြီးကျောင်းတိုက်ရှိ သံဃာတော်များ၊ စာသင်သား၊ သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥ၊ ရေသန့်နှင့် အခြားစားသောက်ဖွယ်ရာများ လှူဒါန်းခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဝါတွင်း ကာလ ဝါဆိုသံဃာတော်များ ဆွမ်း၊ ကွမ်း၊ အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥများကို ဒေသ အလိုက် ထောက်ပံ့ကူညီလှူဒါန်းလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်