Jul 09, 2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့ နံနက် (၈)နာရီက ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Jul 09, 2022
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း သည် ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Six Winners Brothers ကုမ္ပဏီလီမိတက်၏ ဆီသိုလှောင်ကန်များ၌ စားအုန်းဆီ သိုလှောင်ထားရှိမှု၊ ဖြန့်ဖြူးမှု၊ 18 Liter ပုံးများဖြင့် ဘူးသွင်းထုတ်လုပ်မှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ၊ အစည်းအဝေးခန်းမတွင် စားအုန်းဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူများ၊ စားသုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
Jul 09, 2022
၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ပညာရည်ထူးချွန်ဆု ချီးမြှင့်ခြင်း၊ သင်တန်းထူးချွန်ဆု၊ အားကစားထူးချွန်ဆုများ ချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပသည်။
Jul 09, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇူလိုင် ၇ရက်က ရန်ကုန် သာကေတမြို့နယ်ရှိ ပဋိဇီဝဓာတ်ကြွင်းနှင့် ဗိုင်းရပ်စ်ပိုးစစ်ဆေးရေးဓာတ်ခွဲခန်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
Jul 09, 2022
Assessor Methodology Training သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ ကျင်းပရာ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု“စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု“စံ” သတ်မှတ်ရေးကော်မတီဝင်များ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေး ကော်မတီဝင်များနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
Jul 09, 2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဇူလိုင် ၇ရက် နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးသည်။
Jul 09, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Jul 09, 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းလား၊ ဆီလူး၊ နမ့်ပန်းဒေသများရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဒေသများရှိ ခန်းမအသီးသီး၌ ပြုလုပ်ရာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
Jul 09, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) တို့ ပူးပေါင်း၍ အာဆီယံဒေသတွင်းမိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူများ ထောက်ပံ့ရေးကွန်ရက် တည်ထောင်ခြင်းဆိုင်ရာ အမျိုးသားအဆင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ Hybrid ပုံစံဖြင့် ကျင်းပသည်။
Jul 09, 2022
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှကုမ္ပဏီတစ်ခု၊ ယာဉ်စီးရေနှစ်စီးဖြင့် Mask ၉ ဒသမ ၅ တန် တင်သွင်းခဲ့ကြောင်း သိရသည်။
Jul 09, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသားအကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲ ရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
Jul 09, 2022
တပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
Jul 09, 2022
မေး။ ဒီနေ့မနက်ပိုင်းမှာ ဂျပန်နိုင်ငံ နာရာမြို့မှာ ကျင်းပတဲ့ နိုင်ငံရေးအခမ်းအနားတစ်ခုမှာ ဂျပန်ဝန်ကြီးချုပ်ဟောင်း Mr. Shinzo Abe တက်ရောက်ပြီး မိန့်ခွန်းပြောကြားနေစဉ်မှာ သေနတ်နှင့် ပစ်ခတ်လုပ်ကြံခံရတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ၏ သဘောထားကို သိလိုပါတယ်။
Jul 09, 2022
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် အလှူရှင်များပူးပေါင်း၍ ရုပ်ရှင်အစည်းအရုံးဝင် ရုပ်ရှင်လောကသားမိသားစုများ၏ သားသမီး ၁၃၄ ဦးကို ကျောင်းဝတ်စုံ၊ ကျောင်းသုံးသင်ထောက်ကူပစ္စည်းများနှင့် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပသည်။
Jul 09, 2022
၂၀၂၀ ပြည့်နှစ်အတွက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေ တစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေပညာရည်ချွန်ဆုနှင့် ပခုက္ကူဦးအုံးဖေစာကြည့်တိုက်စာအုပ်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
Jul 09, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနက ကြီးမှူး၍ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် ပထမအကြိမ်အဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် ဌာနခွဲစာရေးများအတွက် အင်္ဂလိပ်စာနှင့် နိုင်ငံခြားရေးရာကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၄/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက နိုင်ငံခြားရေး ဝန်ကြီးဌာန(ရန်ကုန်) ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာကြီး/ဆရာမကြီးများနှင့် သင်တန်းသားသင်တန်းသူ ၃၂ ဦး တက်ရောက်ကြသည်။
Jul 09, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကျင်းပပြီးစီးခဲ့သော ၁၃၈၄(၂၀၂၂)ခုနှစ် အစိုးရနိကာယ်စာမေးပွဲအောင်စာရင်းကို ၁၃၈၄ ခုနှစ် ဝါဆိုလဆန်း ၁၄ ရက်၊
Jul 09, 2022
နယ်စပ်ဒေသအသီးသီးနှင့် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်း ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများနှင့် လူငယ်၊လူရွယ်များအား နယ်စပ်ကြိုဆိုရေးစခန်းအသီးသီးနှင့် နီးစပ်ရာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းအသီးသီးသို့ ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့ သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားကြောင်း သိရှိရသည်။ ကြေညာချက်အပြည့်အစုံမှာ -