Jul 09, 2022
ပြည်သူများသည် နိစ္စဓူဝ ဗာဟီရကိစ္စများကြသည်။ ဘဝရှင်သန်ရပ်တည်ရေး၊ တိုးတက်ကြီးပွားရေး၊ အောင်မြင်ရေးအတွက် နေ့စဉ်လှုပ်ရှားရုန်းကန်လုပ်ကိုင် ဆောင်ရွက်နေကြသည်။ တစ်နေ့တာ ပင်ပန်းနွမ်းနယ်သမျှကို အားလပ်ချိန်တွင် တစ်နည်းတစ်ဖုံဖြင့် အပန်းဖြေကြသည်။ ပင်ပန်းနွမ်းနယ်သမျှကိုပြန်လည် လန်းဆန်းရွှင်လန်းလာအောင် ဖန်တီးဖော်ဆောင်ကြရသည်။
Jul 09, 2022
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံရသည့် တုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းမှာ အကြမ်းဖက်ဝါဒ၏ ရက်စက်ကြမ်းကြုတ်မှုကို ထင်ရှားစွာပြသနေသည့် သာဓကတစ်ခုပင်ဖြစ်သည်။ ရည်ရွယ်ချက် ခိုင်ခိုင်မာမာမရှိဘဲ မုန်းတီးမှုသက်သက်မျှဖြင့် လက်ဖြစ်လူသတ်လက်နက်ကိုဖန်တီးကာ နိုင်ငံတွင် ထင်ရှားကျော်ကြားသူတစ်ဦးကို လူပုံအလယ်တွင် သတ်ဖြတ်ခဲ့ခြင်းက အိန္ဒိယမှ မဟတ္တမဂန္ဓီ၊ အမေရိကန်မှ ဂျွန်အက်ဖ်ကနေဒီတို့ လုပ်ကြံခံရသည့် သမိုင်းဝင်ဖြစ်စဉ်များနှယ်ပင်ဖြစ်သည်။
Jul 08, 2022
၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းသည်။
Jul 08, 2022
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) အထွေထွေအတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 08, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jul 08, 2022
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့မှ PDF အဖွဲ့ဝင်များအား ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ ထပ်မံလွှဲပြောင်းပေးအပ်ခြင်းကို ယနေ့တွင် စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သပိတ်ကျင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် အောင်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
Jul 08, 2022
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈ ရက်နေ့၊ ဂျပန်နိုင်ငံ၊ နာရာမြို့တွင် ကျင်းပပြုလုပ်သည့် နိုင်ငံရေးအခမ်းအနားတစ်ခု၌ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဆိုအာဘေး တက်ရောက်မိန့်ခွန်း ပြောကြားနေစဉ် အကြမ်းဖက်သူတစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုခံခဲ့ရကြောင်း သိရှိရပါသည်။
Jul 08, 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ခန်းမ၌ ကျင်းပသည်။
Jul 08, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Jul 08, 2022
မြန်မာ့အားကစားအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပသည်။
Jul 08, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တစ်ဖက်နိုင်ငံ၏ ပိုးမွှားကင်းရှင်းကြောင်း ထောက်ခံချက် (P.R.A Test Risk Analysis) မရရှိသဖြင့် ပိုင်ရှင်မှ စွန့်လွှတ်ကြောင်း တင်ပြလာသည့် သီဟိုဋ္ဌ်စေ့ (၆၁၄၄၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂,၆၀၄,၈၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Jul 08, 2022
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နေပြည်တော်သင်တန်းကျောင်း၌ ဖွင့်လှစ်သည့် လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းခွင်ဝင်ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌ ကျင်းပသည်။
Jul 08, 2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ အစိုးရနည်းပညာကောလိပ်(နေပြည်တော်)၌ ကျင်းပသည်။
Jul 08, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲ၊ သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲများတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး အဆင့် ၁ မှ အဆင့် ၁၀ အတွင်း ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူ ၃၃ ဦးကို ချီးမြှင့်ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်က ဇူလိုင် ၄ ရက်မှ ၈ ရက်အထိ ထိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့သို့ လေ့လာရေးခရီး ပို့ဆောင်ခဲ့သည်။
Jul 08, 2022
၂၀၂၂ ခုနှစ်၊ ပညာရည်ထူးချွန်သူ ကျောင်းသား/ကျောင်းသူများနှင့် သင်တန်းထူးချွန်သူ ဝန်ထမ်းများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပသည်။
Jul 08, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁ ရက်မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Jul 08, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေ့နေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Jul 08, 2022
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်နေ ဒေါ်ရဟီမာဘီက တစ်မြို့နယ်တည်းနေ မ --- ၊ ၂၀ နှစ်အား ထိုင်းနိုင်ငံရှိ ၎င်း၏ဈေးဆိုင်တွင် အလုပ်လုပ်ကိုင်နိုင်ကြောင်းနှင့် မလုပ်လိုပါက တခြားအလုပ်ရှာပေးမည်၊ တစ်လလျှင် ဘတ် ၁၀၀၀၀ ရမည်ဟု ပြောဆိုစည်းရုံး၍ ထိုင်းနိုင်ငံသို့ ပို့ဆောင်ကာ ထိုင်းအမျိုးသားနှင့် အဓမ္မလက်ထပ်ပေါင်းသင်းစေပြီး
Jul 08, 2022
မြဝတီမြို့၊ ရွာငံမြို့နယ်နှင့် မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။