Jul 06, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက် ရှိပါသည်။
Jul 06, 2022
နယ်စပ်ဒေသအသီးသီးနှင့် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်း ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအား နယ်စပ်ကြိုဆိုရေးစခန်းအသီးသီးနှင့် နီးစပ်ရာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းအသီးသီးသို့ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားကြောင်း သိရှိရသည်။ ကြေညာချက် အပြည့်အစုံမှာ -
Jul 06, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသားကျောင်းသူများ ထိုင်းနိုင်ငံ လေ့လာရေးခရီးသွားရောက်
Jul 06, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲ၊ သိပ္ပံဘာသာတွဲများတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ (၃၃) ဦးသည် ကြီးကြပ်သူ ဆရာ၊ ဆရာမများ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြရာ ဒေသစံတော်ချိန်နံနက် ၈ နာရီ ၅ မိနစ်တွင် ထိုင်းနိုင်ငံသုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှတာဝန်ရှိသူများက ကြိုဆိုကြကာ မော်တော်ယဉ်များဖြင့် မြဘုရားသို့သွားရောက်ဖူးမြော်ကြသည်။
Jul 06, 2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်း သား၊ သမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
Jul 06, 2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် လူငယ်အားကစား လေ့ကျင့်ရေးစခန်း (Youth Camp) ၌ စခန်းဝင်လေ့ကျင့်လျက်ရှိသော မျိုးဆက်သစ် အားကစား သမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
Jul 06, 2022
တရုတ်နိုင်ငံ(GACC)သို့ SPS Protocol ပါ သတ်မှတ်ချက်များနှင့်အညီ ပြောင်းဆံတင်ပို့နိုင်ရေး အဆိုပြုလျှောက်ထားလာသည့် ကုမ္ပဏီများ၏ သိုလှောင်ရုံ/ အခြောက်ခံစက်/ နေလှန်း ကွင်းများစစ်ဆေးခဲ့မှုအပေါ် စိစစ်ရွေးချယ်ဆောင်ရွက်နိုင်ရေး Working Task Force အဖွဲ့ လုပ် ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၂ ရက်နေ့၊ နေ့လယ် (၂) နာရီက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂)အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
Jul 06, 2022
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ဇွန်လ ၂၁ ရက်နေ့တွင် မအူပင်မြို့နယ်ဈေးကွက် အတွင်း တရားမဝင်ရောင်းချနေသော ကုန်ပစ္စည်းများ ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jul 06, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူဆိုင်ရာအသိပညာပေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ အားသိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း၊ ပြည်တွင်းကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူသူတောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇွန်လ(၁၈)ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိဈေးများ၊ အိမ်ဆိုင်များတွင် စားအုန်းဆီရောင်းချနေမှုများအား ကွင်းဆင်းကြီးကြပ်ခဲ့သည်။
Jul 06, 2022
အဟာရဓာတ်ကြွယ်ဝသဖြင့် ပြည်တွင်းသာမက ပြည်ပဈေးကွက်ပါ တွင်တွင်ကျယ်ကျယ် ရရှိလာသော ထောပတ်ပဲကို တစ်ပြည်လုံးစိုက်ဧက (၁၅၀၀၀၀) ခန့် စိုက်ပျိုးပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုး၊ ဆောင်း စုစုပေါင်း ဧက (၄၀၀၀၀) ခန့် စိုက်ပျိုးထုတ်လုပ်မှုရှိသည့်အနက် ဆောင်းသီးနှံအဖြစ် ဧက (၃၀၀၀၀) ခန့် မိုးသီးနှံအဖြစ် ဧက (၁၀၀၀၀)ခန့် စိုက်ပျိုးသည်။ ရွှေဘိုနယ်ဘက်တွင် စိုက်ဧကအများဆုံးဖြစ်ပြီး ထွက်ရှိပဲများမှာဈေးကြိုက်လျှင် မုံရွာဘက်လာပြီး အများအားဖြင့် စစ်ကိုင်းခရိုင်ဘက်က စိုက်ပျိုးထွက်ရှိသော ပဲများနှင့် မန္တလေးဘက်သို့ စီးဆင်းသည်။
Jul 06, 2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆီထွက်သီးနှံ စိုက်ပျိုးမှုစာရင်းတွင် မိုးနှမ်း ၁၀၁ ဧကစိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာ ဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ မိုးမြေပဲ၊ နှမ်းစသည့် ဆီထွက်သီးနှံများ စစ်တောင်းမြစ်ဘေးရှိ သဲနှုံးမြေများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ဇွန်လ ၁၉ ရက် မနက် ၁၀ နာရီအချိန်တွင် တောင်ငူမြို့နယ် တာဝန်ခံသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ စစ်တောင်းမြစ်ဘေးရှိကျေးရွာ စိုက်ခင်းများရှိရာသို့ ကွင်းဆင်း လေ့လာရာ အရှေ့ဆင်ကျေးရွာအုပ်စု၊ ဆင်ရွာလေးရွာ၊ မကုန်ရွာ၊ နောင်ဘိုရွာ၊ နောင်ချိုရွာ၊ ကမ္ဘားနီရွာ၊ သဲတောရွာ၊ တာနှောင်းရွာရှိ တောင်သူဦးကြီးများ စိုက်ပျိုးထားသော နှမ်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း တွေ့ရှိရသည်။
Jul 06, 2022
မုံရွာမြို့၌ ပုပ္ပားဒေသထွက် နဂါးမောက်သီးများ ဝင်ရောက်မှု ပိုမိုများပြားနေ ကြောင်း၊ ထိုသို့ဈေးကွက်၌ နဂါးမောက်သီးများလှိုင်လှိုင်ပေါများနေခြင်းမှာ နဂါးမောက်ခြံ များမှ တစ်ပြိုင်တည်း အသီးများ ခူးဆွတ်ကြခြင်းဖြစ်ကြောင်း၊ ကျေးရွာများကိုအဓိကထား၍ ရောင်းချကြခြင်းကြောင့် အရောင်းအဝယ်သွက်နေကြောင်း မုံရွာမြို့၊ နဂါးမောက်သီး ရောင်းချသူ အမျိုးသမီးတစ် ဦး၏ ပြောပြချက်အရ သိရသည်။
Jul 06, 2022
နေပြည်တော်ကောင်စီနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းလျက် ဇွန်လ ၂၀ ရက် နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်ကောင်စီ၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 06, 2022
ဘူးပင်မှရရှိသော ဘူးသီးဘူးရွက်များသည် မြန်မာလူမျိုးများ ကြိုက်နှစ်သက်စွာ စားသုံးသော သီးနှံများထဲမှ တစ်မျိုးအပါအဝင်ဖြစ်သည်။ ဘူးသီးသည် အရှေ့တောင်အာရှနိုင်ငံများတွင် စိုက်ပျိုးကြသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးကြပြီး တစ်နှစ် ပတ်လုံး အသီးသီးနိုင်သော ဟင်းသီးဟင်းရွက်ဖြစ်သည်။ ဘူးပင်သည် ပူနွေးစိုစွတ်သောရာသီ ဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကိုလည်း အသင့်အတင့်ခံနိုင်ရည်ရှိ၍ အပူပိုင်းဒေသများတွင် စိုက်ပျိုးပါက ပိုမိုဖြစ်ထွန်း အောင်မြင်ကြောင်း သိရှိရသည်။
Jul 06, 2022
နေ့စဉ်ကြော်လှော်ချက်ပြုတ်သော မီးဖိုချောင်အခြေခံစားသောက်ကုန်များထဲတွင် ဆီသည် မပါမဖြစ်သောကုန်စည်ဖြစ်သည့်အလျောက် ဈေးကွက်အတွင်း၌ ဆီအမျိုးမျိုးကို အလေးချိန်များ ချင်တွယ်၍လည်းကောင်း၊ ပုလင်း/ဘူးများတွင် သွပ်သွင်း၍လည်းကောင်း ပုံစံအမျိုးမျိုးဖြင့်ရောင်းချ ကြပါသည်။ ဈေးကွက်အတွင်းရောင်းချမှုအများဆုံးဆီများမှာ မြေပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ၊ နေကြာဆီနှင့် စားအုန်းဆီများဖြစ်ပြီး ဖွဲနုဆီ၊ ဝါစေ့ဆီ၊ ပြောင်းဆီနှင့် ပဲနှမ်းဆီများကိုလည်း ရောင်းချခြင်းများရှိပါသည်။ယင်းဆီများထဲတွင် စားအုန်းဆီသည် စားသောက်ဆိုင်များ၊ အကြော်ဆိုင်များတွင် အသုံးပြုမှုများပြားသောကြောင့် ဈေးကွက်တွင်ကျယ်လျက်ရှိသည်။
Jul 06, 2022
“အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်” ရေးဆွဲရေးအတွက် လုပ်ငန်း အဖွဲ့အဆင့် အစည်းအဝေးများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစတင် ကျင်းပဆွေးနွေးခဲ့ကြရာ နဝမ အကြိမ် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်မှ နေ့လယ် ၁ နာရီအချိန်ထိ Video Conferencing ဖြင့် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
Jul 06, 2022
ပဲခူးခရိုင်အတွင်း လူသုံးကုန်နှင့် စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စျေးကွက်ထဲတွင် ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ်ဖြင့် ကော်ဖီ ( 3 in 1) ၊ သွားတိုက် ဆေး နှင့်ဖြည့်စွက် အစားအစာများကို တရားမဝင်တင်သွင်းရောင်းချမှု ရှိ/မရှိ ဇွန်လ ၂၁ ရက်နေ့ တွင် ဒိုက်ဦး၊ ညောင်လေးပင်၊ ရွှေကျင် ၊ သနပ်ပင်မြို့များရှိ ကုန်စုံဆိုင်ကြီးများတွင်လည်းကောင်း၊ ဇွန်လ ၂၂ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်ရှိ ကုန်စုံဆိုင်ကြီးများတွင်လည်းကောင်း စားသုံးသူ ရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှ သက်ဆိုင်ရာမြို့နယ်တာဝန်ခံများသည် စျေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရသည်။
Jul 06, 2022
ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ သတွဲခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်သည် သံတွဲခရိုင် FDA၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်ရဲတပ်ဖွဲ့ တို့နှင့် ပူးပေါင်းကာ ဇွန်လ ၂၀ ရက်နေ့ နံနက် ၁၀ အချိန်ခန့်က သံတွဲမြို့ ဦးဥတ္တမလမ်းရှိ ကိတ်မုန့်၊ ပေါင်မုန့်များထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ဇေယျာမုန့်တိုက်သို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 06, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်တွင်း ထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၇ ရက် နံနက်(၀၈:၀၀)နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့ သာရပ်ကွက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 06, 2022
ပုဂံညောင်ဦးဒေသ၏ အဓိကထုတ်ကုန်တစ်မျိုးဖြစ်သည့် ပုန်းရည်ကြီးသည် မိရိုးဖလာ အစဉ်အဆက် လက်ဆင့်ကမ်းလာသည့် အညာကယဉ်ကျေးမှု ပြယုဂ်လုပ်ငန်းတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံသားတို့၏ မရှိမဖြစ်လက်စွဲ ဓာတ်စာဟုပင်တင်စားခေါ်ဝေါ်နိုင်သည်။ ဘုရားဖူးလာဧည့်သည်များအတွက် အဓိကရည်ရွယ်ထုတ်လုပ်ထားသော ပုန်းရည်ကြီးထုပ်ကလေးများသည် လက်ဆောင်ပေးသူများအတွက်လည်း မျက်နှာပန်းလှပြီး လက်ဆောင်ရရှိသူများ အဖို့မှာလည်း အာနိသင်ပြည့်ဝသည့် ပုန်းရည်ထုပ်ကလေးများကြောင့် ပျော်တပြုံးပြုံးမော်မဆုံး ရှိတတ်ကြပါသည်။ အသင့်သုံးစားသောက်ကုန် တစ်ခုဖြစ်သည့် ပုန်းရည်ကြီးသည် အလွန်အရသာရှိပြီး အကျိုးအာနိသင်ပြည့်ဝသည့် ဒေသထွက်ကုန်တစ်ခုဖြစ်ပြီး ပုဂံညောင်ဦးဒေသ၏ ဂုဏ်ယူဖွယ်ရာ ထုတ်ကုန်တစ်ခု ဖြစ်ပါသည်။