Skip to main content

Jul 07, 2022

၂၀၂၂ ခုနှစ်၊ နေပြည်တော်ဟိုတယ်ဇုန် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်းရုံးရှေ့တွင် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဌေးအောင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဟိုတယ်ဝန်ထမ်းများ ပါဝင်တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2022

ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2022

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့တွင် ငွေကျပ် သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ပစ္စတိုသေနတ်တစ်လက် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2022

အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ပေါင်းသင်းစေပြီး ငွေကြေးအကျိုးအမြတ် ရယူခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2022

ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ Friday Night Show ဆန်းသစ်တင်ဆက်မှုအဖြစ် နိုင်ငံကျော် အဆိုတော်ကြီး မြန်မာပြည်သိန်းတန်ရဲ့ “သီချင်းဒိုင်ယာရီ” တေးဂီတဖျော်ဖြေပွဲကို ဇူလိုင် ၈ ရက်၊ သောကြာနေ့ ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ဇူလိုင် ၁ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2022

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်အဖွဲ့ဝင် ဦးတင်အောင် ဦးဆောင်သော အဖွဲ့သည် ဇူလိုင် ၄ ရက်တွင် သထုံအကျဉ်းထောင်နှင့် သထုံမြို့မရဲစခန်း အချုပ်ခန်းကို လည်းကောင်း၊ ဇူလိုင် ၅ ရက်တွင် ဘားအံအကျဉ်းထောင်နှင့် ဘားအံမြို့မရဲစခန်း အချုပ်တို့ကိုလည်းကောင်း၊ ဇူလိုင် ၆ ရက်တွင် မာလာဖူးကုန်ထုတ် စခန်းကိုလည်းကောင်း သွား ရောက်၍ ကြည့်ရှုစစ်ဆေး သည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2022

ကိုဗစ် - ၁၉ ကာလအတွင်း ကွယ်လွန်သွားကြသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပျံလွန်တော်မူသွားကြသော ရဟန်းသံဃာတော်များ၊ ရှင်သာမဏေများ၊ ကျဆုံးသွားကြသော တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်မှ ပုဂ္ဂိုလ်များ၊ စစ်မှုထမ်းဟောင်းများ၊ အငြိမ်းစားဝန်ထမ်းများနှင့် ပြည်သူများကို ရည်စူး၍ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် အမျှအတန်းပေးဝေခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် အမှတ် (၃၇၄) ကမ်းနားလမ်းမကြီးရှိ ဗဟိုခန်းမဆောင်၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ The Global New Light of Myanmar သတင်းစာတိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2022

ဆန်ပြည်ပတင်ပို့မှု လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆက်လက်တိုးတက် ဖွံ့ဖြိုးစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2022

မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ဇွန် ၃၀ ရက်က မဟာအောင်မြေမြို့နယ် ဂေါဝိန်ဆိပ်အနီး ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2022

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် “သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ (၂၀၂၂)” စာအုပ်သည် ပြည်သူများ အသိဉာဏ်ဗဟုသုတ ပြည့်စုံစေရန်၊ ရာထူးဝင်စာမေးပွဲများ၊ ပြန်တမ်းဝင်ခွင့်စာမေးပွဲများ ဖြေဆိုရာတွင် အထောက်အကူဖြစ်စေရန်နှင့် အခြားသိရှိလိုသည့် အချက်အလက်များကို တစ်စုတစ်စည်း တည်း ရှာဖွေလေ့လာဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ၂၀၀၈ ခုနှစ်မှစတင်ကာ နှစ်စဉ်ထုတ်ဝေခဲ့သော စာအုပ်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2022

မြန်မာနိုင်ငံကို ရှေးမြန်မာဘုရင်များ အုပ်ချုပ်ခဲ့သည့် နှစ်ပေါင်းထောင်ချီကာလမှစ၍ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်ဟူ၍ တစုတစည်းတည်း ခိုင်ခိုင်မာမာစုစည်းတည်ထောင်နိုင်ခဲ့သည်။ တစုတစည်းတည်း စည်းလုံးညီညွတ်ခဲ့သည့် နိုင်ငံတော်သည် နိုင်ငံ့လွတ်လပ်ရေး ရရှိလုနီးကာလ၊ ရရှိပြီးစကာလတွင် နယ်ချဲ့တို့၏ သွေးခွဲမှုအမျိုးမျိုးနှင့် နိုင်ငံရေးအရ၊ လူမျိုးရေးအရ သဘောကွဲလွဲမှုများကြောင့် လွတ်လပ်ရေးရသောအခါ လက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေးပြဿနာများဖြစ်ပေါ်လာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2022

ဒုတိယကမ္ဘာစစ်ပြီးကာလ ကိုလိုနီအင်ပါယာကြီးများ တစ်ခုပြီးတစ်ခု လဲပြိုသွားကြခြင်းနှင့်အတူ တစ်ချိန်ကနယ်ချဲ့တို့၏ လက်အောက်ခံနိုင်ငံများတွင် အမျိုးသားရေးစိတ်ဓာတ်များ မြင့်မားစွာလွှင့်ထူ၍ လွတ်လပ်သောနိုင်ငံများအဖြစ် ထူထောင်နိုင်ရန် ရုန်းကန်အုံကြွလာခဲ့ကြသည်။ မြန်မာနိုင်ငံတွင်လည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသား‌ဖြောင့်မတ်ပွင့်လင်းစွာ စည်းရုံးဆော်ဩမှုဖြင့် တောင်ပေါ်မြေပြန့် တိုင်းရင်းသားများအကြား စည်းလုံးညီညွတ်မှု အမြင့်မားဆုံးတွင်ရှိခဲ့ကာ လွတ်လပ်ရေးကိုရယူရန် အသင့်ရှိနေခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2022

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိကကျသည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ နိုင်ငံတစ်ဝှမ်းတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2022

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးတို့ အတွက်ရည်ရွယ်၍ ဧပြီလ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် တာချီလိတ်မြို့မှ နေပြည်တော်သို့ ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2022

ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2022

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ Myanmar Effort အထည်ချုပ်စက်ရုံဝန်ထမ်းများအား လစာပေးရန် ထုတ်ယူလာသည့် ငွေကျပ်သိန်း ၂၆၀၀ အား PDF အမည်ခံအကြမ်းဖက်သမားများက ဓားပြတိုက်လုယက်ယူဆောင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2022

NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်