Jul 11, 2022
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ၂၀၂၂ ခုနှစ်၊ (၂၉)ကြိမ်မြောက် နိကာယ်စာမေးပွဲကြီးကို တစ်ပြည်လုံးရှိ ခွင့်ပြုစာဖြေဌာန ၇၆ ဌာနတို့၌ ၇-၆-၂၀၂၂(အင်္ဂါ)နေ့မှ ၁၁-၆-၂၀၂၂(စနေ)နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပခဲ့ပါသည်။
Jul 11, 2022
အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ နိုင်ငံပြုသုခမိန်ကြီးဟု မြန်မာနိုင်ငံတွင် ဂုဏ်တင်အပ်သည့်ပုဂ္ဂိုလ်မှာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်အတွက် အသက်ပေး၍ တိုက်ပွဲဝင်ခဲ့ပြီး တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး ပေါင်းရုံးညီညာစွာ ပါဝင်လှုပ်ရှားခဲ့သော ကြောင့် ၁၈၂၄ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ ၁၂၄ နှစ်တိတိ ဆုံးရှုံးခဲ့သော မြန်မာ့ လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့ပါသည်။
Jul 11, 2022
လူဖြစ်လာသည့်အခါ လူ့ကိစ္စတို့က များလှစွာသည်။ ဃရာဝါသ ကိစ္စမြားမြောင် လူတို့ဘောင်ဟု မြန်မာတွင် ဆိုရိုးရှိသည်။ ကမ္ဘာနှင့်ချီ၍ တိုးလာသည့် လူဦးရေနှင့်အတူ ပေါ်ထွက်လာသည့် လူရေးလူရာ ပြဿနာများကို လူအများဂရုစိုက်အာရုံပြုလာစေရန်အတွက် ကုလသမဂ္ဂက နှစ်စဉ်ဇူလိုင်လ ၁၁ ရက်နေ့ကို “ကမ္ဘာ့လူဦးရေနေ့” အဖြစ် သတ်မှတ်ကာ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် အခမ်းအနားများ ကျင်းပလျက်ရှိသည်။
Jul 10, 2022
NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်း များ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
Jul 10, 2022
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ ဇူလိုင်လ ၉ ရက်နေ့က ဆေးကုသရန် သွားသည့် သားအမိ ၂ ဦး PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲကာ ၄ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့ကြောင်း သိရသည်။
Jul 10, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၀-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Jul 10, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Jul 10, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်သို့ ရောက်ရှိပြီး ငြိမ်းချမ်းရေး ဆွေးနွေးဆောင်ရွက်ခဲ့သည့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသည်။
Jul 10, 2022
မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၏ တတိယအကြိမ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ရုံးခန်းမ၌ ကျင်းပသည်။
Jul 10, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးရွှေလေးသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ ဦးမျိုးအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအငှား အိမ်ရာစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jul 10, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာရေးဆရာ တက္ကသိုလ်မြတ်သူ၏ “စီအိုင်အေနှင့် နိုင်ငံတကာကွန်ရက်များ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
Jul 10, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု သုတပဒေသာ (ရိုးရိုးသိပ္ပံနှင့်အသုံးချသိပ္ပံ) ပထမဆုရရှိသည့် စာရေးဆရာ အောင်စိုး (စိုက်ပျိုး ၁၀၇)၏ “အရိပ်ရပင်နှင့် ပန်းအလှပင်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ စီးပွားဖြစ်လုပ်ကိုင်နိုင်မည့် နည်းလမ်းများ” စာအုပ်ကို ရောင်းဈေး ငွေကျပ် ၂၅၀၀ ဖြင့် ဖြန့်ချိရောင်းချလျက်ရှိသည်။
Jul 10, 2022
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၆ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာချီလိတ်မြို့နယ် မယ်ယန်းပူးပေါင်းစစ်ဆေး ရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ကြီးမြို့မှ တာချီလိတ်မြို့သို့သွားရောက်မည့် ယာဉ်တစ်စီး၌ ယာဉ်၏အတွင်းပိုင်းတွင် ဒေသထွက် စားသောက်ကုန်များနှင့်အတူ ရောနှောတင်ဆောင်လာသည့် တရားမဝင်ကျွန်းခွဲသားနှင့် ကျွန်းပါကေး ၁ ဒသမ ၉၁၅ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၆၃၉၀၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသော ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၂၆၃၉၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
Jul 10, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးမှုအပေါ် စာရင်းကောက်ယူပြုစုခြင်း၊ စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေနှင့် လယ်ယာမြေဥပဒေတို့အရ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ဆည်းမြောင်းလမ်းသွယ်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 10, 2022
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ စွမ်းဆောင်ရည် ဆန်းစစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Jul 10, 2022
အထည်ချုပ်လုပ်ငန်းတွင် Assessment Center များ တိုးမြှင့်တည်ထောင်ရန်နှင့် Assessor များ ပိုမိုမွေးထုတ်ပေးရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်ရှိ ကနောင်ခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ (ACC) မှ တာဝန်ရှိသူများ၊ စက်မှုဇုန်ဥက္ကဋ္ဌများ၊ အထည်ချုပ်လုပ်ငန်းရှင်များ၊ မန်နေဂျာများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Jul 10, 2022
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သူများ၊ ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုရဝန်ထမ်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇) ရတနာခန်းမ၌ ကျင်းပသည်။
Jul 10, 2022
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဇူလိုင် ၈ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဖြစ်သော Panko Bago Co.,Ltd. ၏ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်းသို့ သွားရောက်လေ့လာ ကြည့်ရှုသည်။
Jul 10, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ချက်အရ ဇူလိုင် ၄ ရက်မှ ၈ ရက်အထိ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ခဲ့သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား ကျောင်းသူအဖွဲ့သည် ယမန်နေ့ည ၁၀ နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး ယနေ့တွင် ထူးချွန်ကျောင်းသား ကျောင်းသူများကို မိဘရပ်ထံ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။