Skip to main content

Mar 07, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Vinay Kumar အား ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2023

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၏ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းစက်လှေ ၁ စီး ရေဝင်နစ်မြုပ်နေကြောင်း ဒေသခံလှေများ၏ သတင်းပေးချက်အရ လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ရေယာဉ်က မတ် ၆ ရက် ညပိုင်းတွင် သွားရောက်ကူညီကယ်ဆယ်ပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၆-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၇-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၄၆၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦးတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်း မှာ (၀.၀၄) ရာခိုင်နှုန်းရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2023

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်တို့တွင် တာဝန် ထမ်းဆောင်မည့် ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့် သင်တန်း အမှတ်စဉ် (၂/၂၀၂၃) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲ တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2023

မြန်မာနိုင်ငံတွင် မကြာမီကာလအတွင်း အသုံးပြုလာကြတော့မည့် လျှပ်စစ်သုံးယာဉ် များအတွက်ရည်ရွယ်၍ လျှပ်စစ်သုံးယာဉ်ဆိုင်ရာ Training of Trainers (ToT) သင်တန်းအမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနအောက်ရှိ အစိုးရစက်မှု လက်မှုသိပ္ပံ (အင်းစိန်) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xijun ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ရုံးအမှတ် ၄၁ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2023

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစားတစ်ခုပင်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2023

နိုင်ငံတော်အစိုးရမှ စီစဉ်ပေးအပ်လျက်ရှိသည့် ပညာသင်ထောက်ပံ့ ကြေးဆိုင်ရာကိစ္စနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနဝန်ကြီးရုံး အစည်းအဝေးခန်းမ ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2023

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2023

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနရှိ အရာထမ်းနှင့် အမှုထမ်းဝန်ထမ်းများအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ ရုံးအမှတ် (၁) ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2023

(၄၃) ကြိမ်မြောက် အာဆီယံစီးပွား ရေးပေါင်းစည်းမှုဆိုင်ရာအဆင့် မြင့်လုပ်ငန်းအဖွဲ့ (43rd Meeting of the High-level Task Force on ASEAN Economic Integrat-ion - HLTF-EI) အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဘေလီတန်ကျွန်း၌ မတ် ၁ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2023

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ Professional and Advanced Excel သင်တန်း အမှတ်စဉ် (၁/၂၀၂၃)နှင့် စာရေးဝန်ထမ်းများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် လူမှု ဖူလုံရေးအဖွဲ့ (ရုံးချုပ်) စုဝေးခန်းမ၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2023

ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ်အခမ်းအနားပြပွဲနှင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ကျော်ထွန်းဦးဆောင်၍ ယနေ့တွင်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ နေပြည်တော်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မတ်လ ၃ ရက် မွန်းလွဲပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာဝတီရိပ်သာအစည်းအဝေးခန်းမ၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၌ တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံ သည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2023

ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)သည် ယနေ့တွင် သံတွဲမြို့နယ် ကျောက္ကလပ်ကျေးရွာအုပ်စု သဗြုချိုင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ခွဲစိတ်ကုသပြီးသော မျက်စိခွဲစိတ်လူနာ ၁၁ ဦးကို ဆေးရုံရေယာဉ်ပေါ်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ခွဲစိတ်လူနာများအား မျက်မှန်များ၊ အာဟာရဖြည့် စားသောက်ဖွယ် ရာများနှင့် မျက်စိအထောက်အကူ ပြု ဆေးပစ္စည်းများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 07, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်