Skip to main content

သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများလှူဒါန်း

ရန်ကုန် အောက်တိုဘာ ၂၀

မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ် (၃၆) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများဆက်လက်လှူဒါန်းလျက်ရှိသည်။ တောင်ဥက္ကလာပမြို့နယ်စာရေးဆရာအသင်းနှင့် သာကေတမြို့နယ်စာရေးဆရာအသင်းတို့က အလှူငွေကျပ် နှစ်သိန်းစီ၊ ဦးဖေသက်ညွန့် (ဆွေဇင်ညွန့်) မိသားစု၊ တောင်ဥက္ကလာပမြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌဦးမြကျော် (မောင်မြကျော်) နှင့် လေအန်ကုန်းစာပေရပ်ဝန်းတို့က ငွေကျပ်တစ်သိန်းစီ၊ မိတ္ထီလာမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတင်ထွဏ်း (တင်တော်) နှင့် မိတ္ထီလာမြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ်ငါးသောင်းစီ၊ ဆရာပန်းမျိုးခင် (တောင်ဥက္ကလာပမြို့နယ်) နှင့် စာရေးဆရာမင်းမြတ်မိုး(မန်းမြေ) အောင်မြေသာစံမြို့နယ်တို့က အလှူငွေကျပ်နှစ်သောင်းစီပေးအပ်လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ တွဲဖက်အတွင်းရေးမှူးများဖြစ်ကြသည့် ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး) နှင့် ဦးအောင်ကြည် (အောင်ကြည်ညွန့်- တက္ကသိုလ်) တို့ကလက်ခံယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေလှူဒါန်းလိုပါက မြန်မာနိုင်ငံစာရေးဆရာအသင်း အမှတ် (၁၇၃/၁၇၅) ပန်းဆိုးတန်းလမ်း (အလယ်) ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ ဖုန်း- ဝ၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်းစဉ်