Skip to main content

Mar 11, 2023

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆင်သေချောင်းရေကို လျှပ်စစ်ရေတင် စနစ်အသုံးပြု၍ ရှားစေးဖိုကျေးရွာရှိ နွေသီးနှံစိုက်ကွင်းများ ရေစတင်ပေးဝေခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာ မူလတန်းကျောင်းဝင်းအတွင်း ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းက ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2023

ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Progra-mme (KSP) သောကြာနေ့ စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၆) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2023

​​​​​​​“နိုင်ငံတည်ဆောက်ရေးတွင် သံမဏိသည် မဖြစ်မနေလိုအပ်သည့် ပစ္စည်းဖြစ်ပြီး ပြည်တွင်းလိုအပ်ချက် များစွာရှိသဖြင့် သံမဏိထုတ်လုပ်ရေးစီမံကိန်းများအား အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း” မတ် ၈ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တောင်ကြီးမြို့နယ် ပင်းပက်ဒေသ ပင်ငိုကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာန အမှတ်(၁)အကြီးစား စက်မှုလုပ်ငန်း အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)သို့ သွားရောက်စစ်ဆေးစဉ် ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2023

​​​​​​​မြန်မာ့စီးပွားရေး၏ အဓိကမောင်းနှင်အားမှာ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များပင်ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စက်မှုဇုန်ပေါင်း ၆၀ ခန့်ရှိသည့်အနက် စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်တွင် စက်မှုဇုန် ၂၉ ဇုန်ရှိသည်။ မြန်မာနိုင်ငံတွင် စက်မှု ဇုန်များ တည်ထောင်လုပ်ကိုင်လာခဲ့သည်မှာ နှစ်ပေါင်း ၃၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အားကောင်းမောင်းသန် ဖြစ်လာစေရန်အတွက်မူ များစွာကြိုးပမ်းရဦးမည့်အခြေအနေဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2023

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေး အပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2023

ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ  ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့်သူနာပြုများသည် ယနေ့တွင် မာန်အောင်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ခွဲစိတ်ကုသပြီးသော ဒေသခံပြည်သူများအား ဆေးရုံရေယာဉ်ပေါ်၌

ဆက်လက်ဖတ်ရှုရန်

Mar 10, 2023

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ၂၃.၇.၂၀၂၂ ရက်နေ့နံနက် မင်္ဂလာ အချိန် ၀၆း၃၀ နာရီတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2023

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၈ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၉-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၀-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၇၄၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၈) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2023

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် ရုံးသာကျေးရွာအနီး ဝက်လက်-ရုံးသာ ကျေးရွာသွားကားလမ်းရှိ သံကူသစ်သားတံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2023

ကချင်ပြည်နယ် ရွှေကူမြို့နယ် မိုးစစ်ကျေးရွာအတွင်းသို့ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2023

လူငယ်လူရွယ်များနှင့် ကျောင်းသား ကျောင်းသူများသည် လူသားအရင်းအမြစ်၏ အဓိကမဏ္ဍိုင်တစ်ခုဖြစ်ပြီး နိုင်ငံ့အနာဂတ်အတွက် အလွန်အရေးပါသည့် မျိုးဆက်သစ်ကြယ်ပွင့်လေးများဖြစ်သည်။ သို့ဖြစ်၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းနေမှုကို မလိုလားသည့် အကြမ်းဖက်အုပ်စုများသည် နိုင်ငံ၏မျိုးဆက်သစ် လူငယ်များကို လမ်းမှားရောက်စေပြီး လူညွန့်တုံးစေရန်အတွက် လူငယ်လူရွယ်များနှင့် ကျောင်းသား ကျောင်းသူများကို အဓိကပစ်မှတ်ထားကာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုများ ပြုလုပ်လာကြသည်။ လူငယ်ထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုများကြောင့် မိသားစုတွင် စီးပွားရေး၊ လူမှုရေးအခက်အခဲများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာနိုင်ပါသည်။ သို့ဖြစ်၍ နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ မူဝါဒများချမှတ်ကာ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်၍ တားဆီးကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2023

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ညောင်ဝင်းမြောက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းအတွင်းမှ PDF အမည်ခံ အကြမ်းဖက် သမားများ သိုဝှက်သိမ်းဆည်းထားသည့် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2023

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ကို ဆက်လက်ကျင်းပရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်္ဂလိပ်စာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၆၁၆၈၁ ဦး ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2023

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် သက်ဆိုင်ရာ တာ၀န်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဆားမလောက်ရွာ အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့သွားရောက်၍ ကျောင်းသား ကျောင်းသူ တက္ကသိုလ်၀င်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအား‌ပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2023

ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး သင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 10, 2023

“အသုံးချသုတေသနများမှသည် ဖွံ့ဖြိုးတိုးတက်သော စိုက်ပျိုးရေးကဏ္ဍဆီသို့” ခေါင်းစဉ်ဖြင့် ကျင်းပသည့် စိုက်ပျိုးရေးဦးစီးဌာန၏ (၅)ကြိမ်မြောက် စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်