Mar 12, 2023
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ်ရှိ မအူပင်ရေနံနှင့် သဘာဝ ဓာတ်ငွေ့မြေကို သွားရောက်စစ်ဆေးသည်။
Mar 12, 2023
လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော် ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး နေပြည်တော်တိုးဂိတ်သို့ရောက်ရှိပြီး ခရီးသွားယာဉ်များ ဖြတ်သန်းသွားလာမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးကတိုးဂိတ်များ၏ မျက်မြင်ဥပဓိရုပ်များ အမြင်တင့်တယ်အောင် မွမ်းမံပြင်ဆင်သွားရန်၊ CCTV ကင်မရာများအပါအဝင် ကွန်ပျူတာစနစ်လုပ်ဆောင်မှုများကို စနစ်တကျပြင်ဆင်ထိန်းသိမ်းရန် မှာကြားပြီး ရုံးနှင့်ဝန်ထမ်းအိမ်ရာများသို့ ကြည့်ရှု စစ်ဆေးသည်။
Mar 12, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်ရှိ Hotel Yangon ၌ စာရေးဆရာ မြင်းခြံကျော်အောင်(ခ)သန်းထက်စံ၏ “ဘဝဇာတ်ခုံဖြစ်ရပ်စုံ” စာအုပ်များ ပြန်ကြားရေးဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်သည်။
Mar 12, 2023
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ယမန်နေ့ နံနက်ပိုင်းတွင်ပုဂံမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များကို Aureum Palace Hotel and Resort ၌ တွေ့ဆုံသည်။
Mar 12, 2023
မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး ပြဋ္ဌာန်းခဲ့သောဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်အထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ ၆၄ ဦး၊ အဆင့်မြင့်အရာရှိ ၃၅ ဦး၊ အရာထမ်း ၇၃ ဦး၊ အမှုထမ်း ၇၃ ဦး၊ ပြည်သူ့ ဝန်ထမ်း ၁၉ ဦးနှင့် အခြားပုဂ္ဂိုလ် ၂၈ ဦး စုစုပေါင်း ၂၉၂ ဦးတို့ကို တရားစွဲဆိုအရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
Mar 11, 2023
မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃) အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ချီးမြှင့်သည်။
Mar 11, 2023
မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-II)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။
Mar 11, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၀-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၁-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၀၄၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိ ရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၂) ရာခိုင်နှုန်း ရှိပါသည်။
Mar 11, 2023
၂၀၂၃ ခုနှစ် မတ် ၇ ရက်တွင် “နေပြည်တော်အသိုင်းအဝိုင်း” Facebook Group “Win Min Thant” Facebook Account ပိုင်ရှင်က “နေပြည်တော် ၈ မြို့နယ် အိမ်ထောင်စုဖြင့် ပတ်စပို့အမျိုးမျိုးကို ယုံကြည်စွာဖြင့်အပ်နှံနိုင်ပါပြီ၊ ဆက်သွယ်ရန်ဖုန်းနံပါတ် 09-422116161” ဟု ရေးသားဖော်ပြထားခဲ့မှုနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
Mar 11, 2023
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာတည်သည့်နေ့ရက် သတ်မှတ်
Mar 11, 2023
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လေးထောင့်ကန်ကျေးရွာအနီး မြေဧရိယာ ၁၇၁ ဧကပေါ်၌ တည်ဆောက်လျက်ရှိသော ပြည်သူ့အငှားအိမ်ရာစီမံကိန်း(ရန်ကုန်)ရှိ ပထမအဆင့်အပိုင်း တည်ဆောက်ရေးလုပ်ငန်းများ လာမည့်ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
Mar 11, 2023
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)ဖြင့် တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များက ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများသည် ယနေ့တွင် မာန်အောင်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ခွဲစိတ်ကုသပြီးသော ဒေသခံပြည်သူများကို ဆေးရုံရေယာဉ်ပေါ်၌ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆက်လက်ဆောင်ရွက်ပေးရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး၍ မျက်စိခွဲစိတ် လူနာများအားမျက်မှန်များ တပ်ဆင်ပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။ ထို့နောက် အဆိုပါလူနာများကို မာန်အောင် မြို့နယ်ခန်းမသို့ တပ်မတော်ရေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးသည်။
Mar 11, 2023
ရန်ကုန်နှင့်မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒသေကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Mar 11, 2023
မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)၏ အကြိုအစီအစဉ်များအဖြစ် ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ ကျင်းပရေးဦးစီးကော်မတီနာယက ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းတို့ တက်ရောက်အားပေးသည်။
Mar 11, 2023
ခရီးစဉ်ဒေသအလိုက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့်ခရီးသွားမြှင့်တင်ရေးဆိုင်ရာ အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် မတ် ၇ ရက် မွန်းလွဲပိုင်းက ညောင်ရွှေမြို့ရှိ ဟိုတယ်များမှ ဟိုတယ်လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများအား ရွှေနန်းတော်ဟိုတယ်(အင်းလေး) ၌ တွေ့ဆုံသည်။
Mar 11, 2023
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ပြည်ပနိုင်ငံများသို့ သွားရောက် တာဝန်ထမ်းဆောင်ကြမည့် စီးပွားရေးသံမှူးများကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာန၌ တွေ့ဆုံပြီး အမှာစကားပြောကြားသည်။
Mar 11, 2023
မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း သုဝဏ္ဏခန်းမ၌ ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။